ဘားအံ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်

ဘားအံ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 04, 2024


ဘားအံ - အောက်တိုဘာ (၄)

ကရင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ တက္ကသိုလ်/ ကောလိပ်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre တွင် အောက်တိုဘာလ ၃ ရက်နေ့က အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ ကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက်ထောက်ပံ့ငွေကျပ် ၂၂၁၉၀၀ဝိ/-(နှစ်ဆယ့်နှစ်သိန်း တစ်သောင်းကိုးထောင်ကျပ်)ကို ပြည်နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်သည်။

ကရင်ပြည်နယ်အတွင်း ခိုင်မာရှင်သန်စာကြည့်တိုက်ပေါင်း ၃၃ တိုက်ရှိပြီး ယခုနှစ်တွင် မြန်မာနိုင်ငံစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ မတည်ထောက်ပံ့ငွေဖြင့် စာကြည့်တိုက်အသစ် (၇)တိုက်ကိုတည်ဆောက် ဖွင့်လှစ်လျက်ရှိကာ ယခုသင်တန်းသို့ တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်(တာဝန်ခံ)၊ စာကြည့်တိုက်မှူးများ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ ( ၅၁ )ဦး တက်ရောက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်းများက အောက်တိုဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ ၂ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါသည်။

 


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

Posted on Mar 7, 2026

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်