ဘားအံ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်
ဘားအံ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 04, 2024
ဘားအံ - အောက်တိုဘာ (၄)
ကရင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ တက္ကသိုလ်/ ကောလိပ်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre တွင် အောက်တိုဘာလ ၃ ရက်နေ့က အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ ကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက်ထောက်ပံ့ငွေကျပ် ၂၂၁၉၀၀ဝိ/-(နှစ်ဆယ့်နှစ်သိန်း တစ်သောင်းကိုးထောင်ကျပ်)ကို ပြည်နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်သည်။
ကရင်ပြည်နယ်အတွင်း ခိုင်မာရှင်သန်စာကြည့်တိုက်ပေါင်း ၃၃ တိုက်ရှိပြီး ယခုနှစ်တွင် မြန်မာနိုင်ငံစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ မတည်ထောက်ပံ့ငွေဖြင့် စာကြည့်တိုက်အသစ် (၇)တိုက်ကိုတည်ဆောက် ဖွင့်လှစ်လျက်ရှိကာ ယခုသင်တန်းသို့ တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်(တာဝန်ခံ)၊ စာကြည့်တိုက်မှူးများ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ ( ၅၁ )ဦး တက်ရောက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်းများက အောက်တိုဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ ၂ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါသည်။




၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Posted on Nov 07, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Posted on Nov 06, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 05, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Posted on Nov 03, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 02, 2025
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Nov 6, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 6, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
