မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းများအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းများအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 02, 2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့်  နင်းမိုင်း တစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။


     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် ကလေးငယ် တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီတွင် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာနေ မနှင်းထက်ထက်လှိုင်(၁၂)နှစ်သည် ၎င်း၏မိသားစုများနှင့်အတူ ကျေးရွာမြောက်ဘက် တစ်မိုင်ခန့်အကွာရှိ တောအတွင်းသို့ ဝါးခုတ်ရန် ထွက်ခွာလာစဉ် အဆိုပါတောအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
     အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသား တစ်ဦး ရောက်ရှိ နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မတ္တရာမြို့နယ်၊ ပွဲတိုင်းကျော်ကျေးရွာနေ ဦးသက်နိုင်ဝင်း(၃၀)နှစ်သည် ကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာရှိ ငါးကန်၌ ချုံနွယ်ပင်များအား ရှင်းလင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။