မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ကမ်းနားလမ်းတစ်လျှောက် လမ်းပိုင်းပြုပြင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ကမ်းနားလမ်းတစ်လျှောက် လမ်းပိုင်းပြုပြင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 01, 2025
image_latest


မန္တလေး နိုဝင်ဘာ ၃ဝ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် အမရပူရမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရေဆိုးစုပ်ထုတ်စက်ရုံ အမှတ် (၂) (ရွှေခဲ) နှင့် ရှမ်းကလေးကျွန်းအကြား မြို့ပတ်လမ်း (ကမ်းနားလမ်း) လမ်းပိုင်းပျက်စီးမှုအား ပြင်ဆင်နေမှု၊ လမ်းလယ်ကျွန်းများ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လမ်းလွှာတည်ဆောက်မည့် အောက်အနက်လေးပေအတွင်း မြေလွှာလျှောပြတ်ပြီး ပပ်ကြားအက်ကွဲဖြစ်ပေါ်နေသည့်မြေများ ဖယ်ရှား၍ လမ်းအောက်ခံမြေသားသတ်မှတ် Liquefaction၊ Sand Boil နှင့် Ground Crack ရာခိုင်နှုန်းရရှိရန် အလွှာလိုက်ခင်းကြိတ်ခြင်း၊ ဖြစ်ပေါ်နေသော အပိုင်းများတွင် မြေသားအားဖြည့်လွှာအဖြစ် Geo Material များ အသုံးပြုခင်းခြင်း၊ လမ်းလယ်ကျွန်းဧရိယာအတွင်း မလွတ်ကင်းသည့် သစ်ပင်များရွှေ့ပြောင်း၍ သတ်မှတ်ရေထုတ်မြောင်းစနစ်ထည့်သွင်းခြင်းနှင့် လမ်းလယ်ကျွန်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းအသုံးပြုသူများ အခက်အခဲမရှိ ချောမွေ့စွာသွားလာနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့စေရန် လုပ်ငန်းအရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Dec 01, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 30, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Posted on Nov 29, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Posted on Nov 28, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Nov 27, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Posted on Nov 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Posted on Nov 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

HOT NEWS
January 4,