မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ သုံးဘီးဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ သုံးဘီးဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 01, 2026
၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ သုံးဘီးဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၃၀ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၂၆၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မြောက်မှတောင်သို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကျောင်းကျေးရွာနေ ဦးလှဖေ(၆၀)နှစ် မောင်းနှင်လာသည့် MDY/26U-XXXX DAYANG 125 2HCC အမျိုးအစား သုံးဘီးဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဦးလှဖေတွင် ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သောကြောင့် လှဖေ အား ရမည်းသင်းမြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
