မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဆိုင်ကယ် နှစ်စီး တိုက်မိမှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဆိုင်ကယ် နှစ်စီး တိုက်မိမှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 12, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဆိုင်ကယ် နှစ်စီး တိုက်မိမှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၀ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာအနီး ပျော်ဘွယ်-ဘုရားငါးဆူကားလမ်း မိုင် တိုင်အမှတ် ၁၀ မိုင်နှင့် ၁၀ မိုင် ၁ ဖာလုံကြား၌ ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းအရ ရွှေညောင်ဖူးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သာစည်မြို့မှ ပျော်ဘွယ်မြို့ဘက်သို့ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပန်းညိုကျေးရွာနေ မင်းထက်နိုင်(၂၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ နေဆန်း (၂၅)နှစ် လိုက်ပါလာသည့် HONDA 110 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မန္တ လေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ တလင်းကုန်းကျေးရွာနေ ဦးတိုးနိုင်(၃၃)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်အေးမြင့်စိန်(၃၂)နှစ်နှင့် ဒေါ်ဖြူမ(၃၂)နှစ်တို့ လိုက်ပါလာသည့် ၉ဟ-XXXX SKYGO သုံးဘီးဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် နေဆန်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မင်းထက်နိုင်တွင် ထိ ခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မင်းထက်နိုင် အား ရွှေညောင်ဖူးနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Posted on May 11, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
