မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကျွဲလည်ပင်းရပ်တွင် မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကျွဲလည်ပင်းရပ်တွင် မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2024
၂၀၂၄ ခုနှစ်၊ မေ ၆ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကျွဲလည်ပင်းရပ်နေ ပိုင်ရှင် ဦးသက်နိုင်ဇော်၏ ပါဝါအီလက်ထရောနစ် ဆိုင်အနောက်ဘက်ရှိ ၃၀x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် အလုပ်သမားတန်းလျားတွင် ခြင်ဆေးခွေ မီးထွန်းထားရာမှ အနီးရှိစောင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာစည်မြို့နယ်မီးသတ်စခန်းနှင့် လှိုင်းတက်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ခြောက်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၃၀x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် အလုပ်သမားတန်းလျား တစ်လုံး၊ ၂၄x၂၄ ပေ၊ သွပ်မိုး၊ နံကပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အလုပ်သမား မမြမြဝင်းအား သာစည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Posted on May 18, 2024၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
Posted on May 16, 2024နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Posted on May 16, 2024နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။