မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်၍ သွားရောက်ပို့ဆောင်သည့် မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ

မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်၍ သွားရောက်ပို့ဆောင်သည့် မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 16, 2026
image_latest


နေပြည်တော် မေ ၁၆

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပိတ်ဆို့ထားသည့် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံ အဆောက်အအုံတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်အထိဆက်သွယ်ထားသည့် မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ- အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား မေ ၆ ရက်တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဒေသများတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏နေရပ်ဒေသများ၌ ပြန်လည်အခြေချနေထိုင်စဉ် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ အချိန်မီရောက်ရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များ၊ စက်သုံးဆီများအား မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှမြစ်ကြီးနားမြို့သို့ ပို့ဆောင်ပေးခဲ့သည့်သတင်းအား မေ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသာ ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်များသည် မေ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ ပြန်လည်ထွက်ခွာလာကြပြီး မိုးကောင်း-မိုးညှင်း-နန့်စီးအောင်-မော်လူး-အင်းတော်-ကသာ-ထီးချိုင့်-တကောင်း-သပိတ်ကျင်း-မတ္တရာ မြို့များကို ဖြတ်သန်း၍ ယနေ့ညနေပိုင်းတွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာလာသည့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များနှင့်အတူ မြစ်ကြီးနားမြို့အပါအဝင် လမ်းကြောင်းတစ်လျှောက်ရှိ မြို့/ရွာ များမှ မန္တလေးမြို့တွင် ပို့ဆောင်ရောင်းချမည့် ဒေသထွက်ကုန်ပစ္စည်းများ၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် လမ်းခရီးအခက်အခဲကြောင့် ကြန့်ကြာမှုများဖြစ်ပေါ်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ သင်တန်းတက်ရောက်ရန် သွားရောက်မည့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေးအခက်အခဲများကြောင့် မန္တလေးမြို့တွင် ဆေးဝါးကုသမှုခံယူရန် သွားရောက်မည့်ဒေသခံပြည်သူများအား ပြန်လည်လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ မန္တလေး-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် အဆိုပါလမ်းကြောင်းတစ်လျှောက်တွင် ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်များ ပုံမှန်အတိုင်းပြန်လည်သွားလာလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့်လည်း ၎င်းတို့၏သွားလာနေထိုင်ရေးနှင့် ကူးသန်းရောင်းဝယ် ရေးလုပ်ငန်းများပုံမှန်အတိုင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကာ တည်ငြိမ်အေးချမ်းမှု၏ အကျိုးကျေးဇူးများကို ပြန်လည်ခံစားနိုင်ကြပြီဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းသားလူငယ်များ၏ပညာရေးကဏ္ဍများ စသည့်ကဏ္ဍပေါင်းစုံတွင် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် များစွာကျေးဇူးတင်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Posted on May 16, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Posted on May 15, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on May 14, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 13, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း