မိုးညှင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မိုးညှင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 19, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၅ နာရီခွဲတွင် သတင်းအရ မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအနီးတွင် ခင်မောင်ဆန်း (ခ) လောင်းလု (၅၅ နှစ်) မင်းကုန်းကျေးရွာ မိုးကောင်းမြို့နယ်နေသူ မောင်းနှင်ပြီး အေးဆန်း (၅၆ နှစ်)၊ ပင့်သာကျေးရွာ မိုးကောင်းမြို့နယ်နေသူ လိုက်ပါလာသော MDY-12 3A-xxxx TOYOTA COROLLA မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဆီခဲ ၈ ဒသမ ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၁၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၁၄ ဒသမ ၈ သိန်း)၊ ဘိန်းစိမ်း ၄ ဒသမ ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၀ ဒသမ ၄ သိန်း) နှင့် မြန်မာ ငွေကျပ် ၂ ဒသမ ၅ သိန်းကိုလည်းကောင်း။
ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်နေ ကျော်စွာဝင်း (ခ) ထွေးပို (၄၀ နှစ်) ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ ဘိန်းဖြူ ၀ ဒသမ ၀၁ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၀၀) အား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနှင့်အတူ ဖြိုးဝေအောင် (ခ) အောင်အောင်တို့ ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်ရှိနေအိမ်ကို ယင်းနေ့ နံနက် ၂ နာရီအချိန် ဆက်လက်သွားရောက်ရှာဖွေရာ ဖြိုးဝေအောင် (ခ) အောင်အောင် (၂၅ နှစ်) ကို နေအိမ်၌ တွေ့ရှိခြင်းမရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၃၂ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် ဂရမ် ၃၂၀ (တစ်ဂရမ်လျှင်ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၈ သိန်း)၊ ဘိန်းဖြူ ၃၈၇ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၁၆ ဒသမ ၁ သိန်း) နှင့် ဘိန်းဆီခဲ ၁ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၁၈ သိန်းနှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၈ သိန်း) တို့ကို ဖမ်းဆီးရမိသဖြင့် ကျော်စွာဝင်း (ခ) ထွေးပိုနှင့် ဖြိုးဝေအောင် (ခ) အောင်အောင် (ဖမ်းဆီးရန်ကျန်) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်...
Posted on Jan 28, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
