မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 22, 2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့မှ ဇန်နဝါရီလ (၂၉)ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice - (ICJ)သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေခြင်းသည် နိုင်ငံတစ်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိသော လုပ်ရပ် တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာလိုသည့်ဆန္ဒကိုလည်း ဖော်ပြနေ ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီဝင်များနှင့် အသင်းသူ၊ အသင်းသားများအနေဖြင့် နိုင်ငံတော်နှင့် သက်ဆိုင်သော အငြင်းပွားမှုများကို တရားဥပဒေ၏မျှတမှုအပေါ်ယုံကြည်အခြေခံ၍ ထိရောက်ပြတ်သားစွာ ရင်ဆိုင်ဖြေရှင်းနေမှုကို အပြည့်အဝ ကြိုဆိုထောက်ခံပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်မှုသည် ပကတိဖြစ်စဉ်များကို ပုံဖော်ပေးနိုင်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း ထိုဖြစ်စဉ်များအပေါ် သိရှိနားလည်မှာဖြစ်ပြီး ယုံကြည်မှုတည်ဆောက်ရေးအတွက်လည်း အရေးပါသောအခြေခံအချက်တစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါသည်။
သို့ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ အသင်းသူ၊ အသင်းသားများအနေဖြင့် နိုင်ငံတော်၏ကိုယ်စား ICJ သို့ သွားရောက်၍ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုထောက်ခံ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်းနှင့် မိမိတို့အဖွဲ့ချုပ်အနေဖြင့် နိုင်ငံတော်၏ မူဝါဒသဘောထားများနှင့် တစ်သားတည်းရပ်တည်လျက်ရှိနေပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ MSME Cluster လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ အသင်းသူ၊ အသင်းသားများ
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
Posted on Jan 21, 2026ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏...
Posted on Jan 21, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
Posted on Jan 21, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
