မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 13, 2026


ဘားအံ - မတ် (၁၃)

မြန်မာသက္ကရာဇ်(၁၃၈၇)ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် ပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော် မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ဘားအံမြို့၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ပိတ်ပွဲများ၊ ကိုယ်ပိုင်သံစဉ်နှင့် Copy သံစဉ် မဟာ သင်္ကြန်ယိမ်းအကနှင့်တစ်ပင်တိုင်အကပြိုင်ပွဲများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ် များ၊ စတုဒိဿမဏ္ဍပ်များ၊ ယိမ်းအကနှင့်မဏ္ဍပ်ဆုချီးမြှင့်ပွဲများ၊ လမ်းလျှောက်သင်္ကြန်များ၊ သံလွင်မြစ်တွင်း နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်နှင့် မဟာသင်္ကြန်အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ပြီး မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင်လည်း သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်ရွတ် ဖတ်ပူဇော်ပွဲတို့ကိုလည်း မြန်မာတို့၏ မိရိုးဖလာ ထုံးတမ်းစဉ်လာများနှင့်အညီ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက် စွာကျင်းပသွားနိုင်ရေး သက်ဆိုင်ရာအထောက်အကူပြုလုပ်ငန်းကော်မတီအသီးသီးကိုဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည့်ကိစ္စရပ်များကို အချိန်မီပြင်ဆင်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ၊ ဆုံးဖြတ်အတည်ပြု ပေးရမည့်ကိစ္စရပ်များကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် အထောက်အကူပြုလုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ တက်ရောက် လာသူများကဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အလားတူ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့မှစ၍ ကျင်းပခဲ့ရာ ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၁၄ ခုတွင် အခြေခံပညာကျောင်းများ၊ နည်းပညာအထက်တန်းကျောင်းနှင့် စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ကျောင်းသူ ၃၉၁၂ ဦး ဝင်ရောက်ဖြေဆိုရန်စာရင်း ပေးသွင်းထားပြီး ယနေ့ ဖြေဆိုရမည့်သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူပေါင်း ၃၇၆၉ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ထိုသို့ အေးချမ်းစွာစာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ကျောင်းသူများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အားဖြည့်အချိုရည်များ ဝေငှပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျောင်းသားမိဘ၊ဆွေမျိုးများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး သင်္ချာဘာသာရပ်ကို အောင်မြင်စွာဖြေဆိုပြီးကြသည့် ကျောင်းသား၊ကျောင်းသူ ၅၆၈ ဦး အား အားဖြည့်အချိုရည်များဝေငှပေး၍ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အောင်မြင်ပြီးဆုံးသည်အထိဖြေဆိုနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး စနစ်တကျစောင့်ကြပ်ကြည့်ရှု၍ လိုအပ်သည် များကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

 


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း