ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ
ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 17, 2025

နေပြည်တော် ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ကျောက်မှော်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁၅ ရက်နေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံးပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတုသတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိစေရန် အဝေးမှနေ၍ လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်ခြင်းများကြောင့် အဆိုပါလက်နက်ကြီးကျည်များသည် ကျေးရွာများအတွင်းကျရောက် ပေါက်ကွဲခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများသည် အကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ ဖြစ်စဉ်လွဲမှားနေသည့် သတင်းများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်၊ ဖေဖော်ဝါရီ ၁၄ ရက် ၊သောကြာနေ့။
Posted on Feb 14, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။
Posted on Feb 13, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Posted on Feb 14, 2025၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့်ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မွန်စာစစ်)
Posted on Feb 14, 2025ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့်ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မွန်စာစစ်)
ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့် ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မကွေး စာစစ်)
Posted on Feb 14, 2025ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့် ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မကွေး စာစစ်)