ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီး ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီး ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 06, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်နှင့် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီးတို့ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင် ရွက်နေစဉ် အမှတ်(၄) လမ်းမကြီးပေါ်ရှိ “MOONSUN” ဆီဆိုင်အနီးအရောက်၌ အမှတ်(၂၄)ရပ်ကွက်နေ ရဲမြတ်သူ(၃၆)နှစ် မောင်းနှင်လာသော YGN-22/3J-XXXX TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော် တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ရဲမြတ်သူ အား ရွှေပြည်သာမြို့မရဲစခန်း (ပ)၁၂၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ ဧပြီ ၄ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှာကမြင်-နောင်ပလိန်သွားကားလမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လှိုင်းပုံကျေးရွာနေ လှမျိုးအောင်(၂၄)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် အမှတ်(၉)ရပ်ကွက်နေ အောင်ကျော်ဝင်းသန့်(ခ)အငယ်ကောင်(၂၁)နှစ် စီးနင်းလာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်ကြောင်း စစ် ဆေးသိရှိရသဖြင့် လှမျိုးအောင်နှင့် အောင်ကျော်ဝင်းသန့်(ခ)အငယ်ကောင် နှစ်ဦးအား စက်မှုဇုန်နယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Posted on Apr 6, 2026အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။