ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 10, 2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်  မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဧပြီ ၈ ရက် နံနက် ၁ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်-သုံးခွကားလမ်းရှိ စစ်ပင်ကွင်းကျေးရွာအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သန်လျင်-သုံးခွလမ်းအတိုင်း အနောက်မှအရှေ့သို့ သန်လျင်မြို့နယ်၊ ပုဂံတောင်ကျေးရွာနေ သန့်ဇင်ကို(၃၃)နှစ် မောင်းနှင်လာသော BGO-11/3P-XXXX HYUNDAI PORTER II မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့သဖြင့် သန့်ဇင်ကိုနှင့် ယာဉ်ပေါ်လိုက်ပါလာသူ သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာနေ ဒေါ်မြင့်မြင့်ထွေး(၄၄)နှစ်ပါ အမျိုးသမီး ၁၀ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် သန့်ဇင်ကို အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 10, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Posted on Jun 09, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Posted on Jun 8, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Posted on Jun 8, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Posted on Jun 4, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း