ရုန်းတောင်ကြိုးပြင်ကာကွယ်တော သတ်မှတ်

ရုန်းတောင်ကြိုးပြင်ကာကွယ်တော သတ်မှတ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 13, 2024
image_latest


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ချင်းပြည်နယ်ဟားခါးခရိုင် ဟားခါးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၅၁၇ ဧကရှိသောနယ်မြေကို “ရုန်းတောင်ကြိုးပြင်ကာကွယ်တော အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၄) အရ ၁၃၈၆ ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ ရက် (၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ဟားခါးမြို့၏ အဓိက တည်နေရာ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် တားမြစ်အပင်ဖြစ်သည့် ထင်းရှူးပင်နှင့် ဒေသ မျိုးရင်းသစ်မျိုးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်နိုင်ရန်၊ တရားမဝင်သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းမှ တားဆီးကာကွယ်နိုင်ရန်၊ တရားမဝင်အမဲလိုက်ခြင်းအား ကာကွယ်တားဆီးနိုင်ရန်၊ မြေပြိုတိုက်စားခြင်းနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်၊ ရာသီဥတုသာယာမျှတစေပြီး စိမ့်စမ်းရေထွက် များအား ထိန်းသိမ်းကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာ စေရန်ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော အဖြစ်ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။

ရုန်းတောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက် လျက်ရှိသော တားမြစ်သစ်ပင်ဖြစ်သည့် ထင်းရှူး ပင်နှင့် ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ထင်းရှူးပင်၊ ချယ်ရီပင်၊ တောင်ဇလပ်ပင်၊ ဝက်သစ်ချပင်၊ သစ်အယ်ပင်၊ မိုင်းဘောပင်၊ ကရဝေးပင်နှင့် သစ်ကြားပင်စသည်တို့အား ထိန်းသိမ်းနိုင်မည့်အပြင် သဘာဝပန်းအလှပင်များ၊ ချိုချဉ်သစ်ခွ၊ နုခါသစ်ခွ၊ ငါးရိုးသစ်ခွ စသည့်သစ်ခွမျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ချေ၊ တောကြောင်၊ ယုန်စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာ ဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဟားခါးမြို့သောက်သုံးရေရရှိရေးအတွက် အထောက်အကူဖြစ်စေသည့် စိမ့်စမ်းရေထွက်များအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန


၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


Posted on May 24, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Posted on May 23, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on May 22, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။


Posted on May 19, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on May 14, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

HOT NEWS
January 4,