ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၈

မြန်မာ့တပ်မတော် (ရေ) နှင့် ရုရှားရေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် ရုရှားရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aleksandr A.Moiseev ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၉ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံအခြေစိုက် ရုရှားစစ်သံမှူး Colonel KURCHENKO Sergey Semenovich နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၁ ရက်တွင် ဗလာဒီဗော့စတော့မြို့ရှိ ရုရှားရေတပ်၊ Pacific Fleet ၏ အမှတ် (၁၉) ရေငုပ်သင်္ဘောတပ်မသို့ သွားရောက်ခဲ့ရာ Primorskaya Flotilla ၏ စစ်ရေယာဉ်စုမှူး ဖြစ်သူ ဗိုလ်ချုပ် A.U.Sysoevနှင့် အရာရှိကြီးများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုကြသည်။ ၎င်းနောက် ရှရှားစစ်လေယာဉ် Hero Of The Russian Federation Aldar Tsydenzhapov နှင့်  ရေငုပ်သင်္ဘော Komsomolsk on Amur သို့သွားရောက်လေ့လာ၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး Pacific Fleet Museum သို့ သွားရောက်လေ့လာကြသည်။ ၎င်းနောက် ရုရှားရေတပ်၊ Pacific Fleet ကွပ်ကဲမှုဌာနချုပ်သို့သွားရောက်ရာ Pacific Fleet Commander ဖြစ်သူ ဗိုလ်ချုပ်ကြီး Viktor N.Liina နှင့် အရာရှိကြီးများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုကြပြီး အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံရေတပ်ချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ ၎င်းနောက် Russia My History ပြတိုက်သို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

အောက်တိုဘာလ ၂၃ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ရှိ JSC Admiralty Shipyard သို့သွားရောက်လေ့လာရာ သင်္ဘောကျင်းတာဝန်ရှိသူများက ရေယာဉ်တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး သင်္ဘောကျင်းပြတိုက်သို့ ကြည့်ရှုလေ့လာကြသည်။ ၎င်းနောက် JSC Midle Nevsky Shipbuilding Plant သို့သွားရောက်ပြီး သံပြားအစားထိုး စွမ်းအားမြင့် ပလတ်စတစ်ဖိုက်ဘာ နည်းပညာ (Glass Reinforced Plastics-GRP) ဖြင့် ရေယာဉ်တစ်စီးလုံးအားတည်ဆောက်နေမှုများကို လေ့လာဆွေးနွေးကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက်တွင် စိန့်ပီတာစဘတ်မြို့ရှိ ရုရှားရေတပ်ရုံးချုပ်သို့သွားရောက်ခဲ့ရာ ရုရှားရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aleksandr A.Moiseev နှင့် အဆင့်မြင့်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် ရုရှားရေတပ်ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် အစည်းအဝေးခန်းမ၌ နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး ရုရှားရေတပ်ဦးစီးချုပ်ရုံးခန်း၊ အစည်းအဝေးခန်း၊ စာကြည့်တိုက်တို့ကို ကြည့်ရှုလေ့လာကြသည်။ ညပိုင်းတွင် ရုရှားရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း စိန့်ပီတာစဘတ်မြို့ရှိ Hermitage ပြတိုက်သို့သွားရောက်လေ့လာခြင်း၊ အဆင့်မြင့်နည်းပညာဖြင့် တီထွင်ထုတ်လုပ်မှုများပြုလုပ်နေသော Special Technology Centre(STC) သို့သွားရောက်လေ့လာ ခြင်းများဆောင်ရွက်ခဲ့ကြပြီး အောက်တိုဘာ ၂၅ ရက်တွင် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr.Evgeny Grigoryev နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 26, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Posted on Oct 25, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Posted on Oct 24, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

Posted on Oct 29, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

Posted on Oct 28, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Posted on Sep 19, 2025

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

HOT NEWS
January 4,