ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၄၈ လုံးဖြိုချဖျက်ဆီးပြီးဖြစ် အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၄၈ လုံးဖြိုချဖျက်ဆီးပြီးဖြစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 09, 2026
image_latest


နေပြည်တော် ဇွန် ၉

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေ အဆောက်အအုံ ၃ လုံးကို ထပ်မံ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ယာဉ်ယန္တရားဖြင့်ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ၃ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ယာဉ်၊ ယန္တရားများအသုံးပြု၍ ၃ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်းအဆောက်အအုံ ၄၈ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၂၉ လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 10, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Posted on Jun 09, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန/ location / May 19, 2023


Download ရယူရန်