ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 02, 2026


   ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်း စုစုပေါင်း ၇၈.၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

   ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၇ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ကုန်းစံကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၁ ဧကခန့်အားလည်းကောင်း။

   အလားတူ နံနက် ၉ နာရီမှ ၁၁ နာရီထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းလေးကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်အားလည်းကောင်း။

   အလားတူ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ တိနားကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အားလည်းကောင်း။

   အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ နန့်ဖာမူကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား လည်းကောင်း။

   ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၂ နာရီထိ မိုင်းပျဉ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ်၊ တောင်သုံးလုံးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉.၅ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

Posted on Mar 2, 2026

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

Posted on Mar 2, 2026

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

HOT NEWS
January 4,