ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 11, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၇ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကွက်သစ်နေ ရဲရင့်သူ(၂၈)နှစ် ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၇၀)နှင့် အိုက်စ်(ဖက်သ်အဖက်တမင်း) ၀ ဒသမ ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၆၀)အား ဖမ်းဆီးရမိခဲ့ကြောင်း။
အလားတူ ဧပြီ ၈ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ၊ တာချီလိတ်-မိုင်းဆတ်သွားလမ်း၌ လမ်းလျှောက်လာသူ တာချီလိတ်မြို့နယ်၊ ဖက်ဟိ(အောက်)ကျေးရွာနေ ဂျိုးဆက်(ခ)လော်ခါ(၄၅)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၇၀)အား ဖမ်းဆီးရမိသဖြင့် ရဲရင့်သူနှင့် ဂျိုးဆက်(ခ)လော်ခါတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
