ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 03, 2026


    ၂၀၂၆ ခုနှစ်၊ ဇွန် ၁ ရက်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇွန် ၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာ၊ ပင်လောင်း-နေပြည်တော်ကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဖိုကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပင်လောင်းမြို့မှ ပေါင်းလောင်း မြို့ဘက်သို့ ပင်လောင်းမြို့နယ်၊ သဲကုန်းကျေးရွာနေ ဦးခွန်ကျော်ဝင်း(၃၃)နှစ် မောင်းနှင်ပြီး ရုံးဝင်းရပ်ကွက်နေ ဦးစိုင်းလှသောင်း(ခ)လှဆောင်(၅၄)နှစ် လိုက်ပါလာသည့် SHN-38/1M-XXXX HIJET မော်တော်ယာဉ်နှင့် လိန်းလီကျေးရွာနေ ဒေါ်အိအိချော(၃၃)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်လှရီ(၅၄)နှစ်နှင့် သားဖြစ်သူ မောင်ကောင်းထက်လျှံ(၃)နှစ်တို့ လိုက်ပါလာသော MDY/80W-XXXXX LUOJIA 110 ဆိုင်ကယ်တို့သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွား၍ ဒေါ်အိအိချော၊ ဒေါ်လှရီနှင့် မောင်ကောင်းထက်လျှံတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ခွန်ကျော်ဝင်းနှင့် အိအိချောတို့ နှစ်ဦးအား ဖိုကုန်းနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Posted on Jun 2, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Jun 1, 2026

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်