ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ ငွေကျပ် ၅၇၂ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ ငွေကျပ် ၅၇၂ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 08, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွားကားလမ်း၌ ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်ကျေးရွာနေ အောင်မိုင်(၂၈)နှစ် မောင်းနှင်ပြီး ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာနေ မင်းသူ(ခ)ဒွဲလာ(၂၈)နှစ် လိုက်ပါလာသော MDY-12/9G-XXXX TOYOTA LANDCRUISER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅ ဒသမ ၇၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၅၇၂ သိန်း)နှင့် မြန်မာငွေစက္ကူ ၆ ဒသမ ၅ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း။
စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီတွင် ဖမ်းဆီးရမိ ဘိန်းဖြူများ ရောင်းချပေးသူ မူဆယ်မြို့နယ်၊ ကောင်းမူးတုံရပ်ကွက်နေ နော်လောန်(၄၃)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၅၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ သိန်း)အား ထပ်မံဖမ်းဆီးရမိသဖြင့် အောင်မိုင်၊ မင်းသူ(ခ)ဒွဲလာနှင့် နော်လောန်တို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 04, 2026
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
Posted on Jan 9, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Jan 9, 2026စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။