ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်း ကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ၌ သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် အဆိုပါကျေးရွာနေ ဦးတင်အောင်စိုး(ခ) ဘဂျမ်း(၄၆)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ပိုးတီ(၂၆)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့် ရောက်ရှိလာပြီး နေအိမ်အနောက်ဘက်ရှိ ဝက်သတ်ရုံအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ “သတင်းပေး၊ ဒလန်” ဟု ပြောဆို၍ သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်အောင်စိုး(ခ)ဘဂျမ်းတွင် ဦးခေါင်းကြေမွဒဏ်ရာ၊ လည်ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ်မှုများ ကျူးလွန် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Nov 26, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ
Posted on Nov 19, 2025နေပြည်တော် နိုဝင်ဘာ ၁၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...
Posted on Nov 21, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
