ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 25, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နိုင်ငံတစ်ဝန်းမူးယစ်းဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့အနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးများထုတ်လုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းခြင်းများ သွားရောက်ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၏ အရှေ့တောင်ဘက် ၁၉ ကီလိုမီတာ (ဝမ်လုံးကျေးရွာ၏ တောင်ဘက် ၈ ကီလိုမီတာခန့်) အကွာနေရာ၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော Promethazine တံဆိပ်ပါ ချောင်းဆိုးပျောက်ဆေးရည် ၁၀၀ ဘူး (၅၀ ဘူးစီပါ ၂ ဖာ)၊ Food Colour တံဆိပ်ပါ အပြာရောင်ဆေးဘူးအကြီး ၁၈ ဘူးနှင့် ဘူးအသေး ၄၁ ဘူး၊ စိစစ်ဆဲဆေးရည်ပုလင်းအသေး ၅၀၀ လုံး၊ မျောက်ခေါင်း တံဆိပ်ပါအနံ့ဆေးရည် ၁၅ ဖာ (တစ်ဖာလျှင် ဘူး ၂၀ ခန့်)၊ စိစစ်ဆဲအဖြူရောင်အမှုန့် ဆာလာအိတ် တစ်ဝက်ခန့်စီပါ ၆ အိတ်၊ ဘိန်းမည်း ၃ ထုတ်၊ ဘိန်းဖြူဘလောက်တုံး ၁ တုံး၊ စိစစ်ဆဲ အနက်ရောင် အထုတ် ၁ ထုတ်၊ အဖြူရောင်ပုံဆောင်ခဲ ၁ ကီလိုဂရမ်စီပါ ၉ ထုတ်၊ တိပ်ဝါများပိတ်ထားသည့် WY ဆေးပြား ၆၀၀၀ ပြားခန့်ပါ ၁၂ စည်း၊ ၉၉၉ တံဆိပ်ပါ တိပ်ဝါပတ်လျက် WY ဆေးပြား ၁၀၀၀၀ ခန့်ပါ ၁၀ စည်း၊ ထုတ်ပိုးရခြင်းမရှိသေးသည့် WY ဆေးပြား ဆာလာအိတ် တစ်ဝက်ခန့်စီပါ ၁၂ အိတ်၊ WY ဆာလာအိတ် တစ်ဝက်ခန့်စီထည့်ထားသည့် ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည်ဟုယူဆရသည့် ဆေးမှုန့် ၁၂ အိတ်၊ ရိုက်တံမို ၂ ဖာနှင့် ဆက်စပ်ပစ္စည်းများ ထည့်သွင်းထားသည့် အပြာရောင်ဘူးကြီး ၁၄ ဘူး၊ ကီလိုချိန်စက် ၃ လုံး၊ မီးစက်အကြီး ၁ လုံး၊ မွှေစက်အသေး ၃ လုံးနှင့် အခြောက်ခံဗန်းဆိုဒ်စုံ ၃၂ ခုတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းသိရှိရသည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများအား စနစ်တကျစိစစ်ဖော်ထုတ်ကာ ထိရောက်စွာအရေးယူဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်သည့် ဘိန်းခင်းများဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးထုတ် လုပ်နိုင်သည့်နေရာများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်အရွယ်များမှစတင်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည့်လုပ်ငန်းစဉ်များကို ဒေသခံပြည်သူလူထုနှင့်လက်တွဲ၍ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ ချက်လုပ်ရာတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် အဖွဲ့အစည်းများကိုလည်း ထိရောက်ပြင်းထန်စွာအရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Posted on Feb 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Posted on Feb 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။