လူငယ်တွေကို စာပေအနေနဲ့ အကြံပြုလိုတာက စာပေနယ်ဆိုတာ ဖြတ်လမ်းမရှိပါဘူး။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါ။ ကြိုးစားပါ။ ခေတ်နဲ့အညီ ဆန်းသစ်ပါ၊ တီထွင်ပါ။ ယုံကြည်ချက်နဲ့ ရည်မှန်းချက်ထားကြပါ။ အောင်မြင်ကြမှာပါ

လူငယ်တွေကို စာပေအနေနဲ့ အကြံပြုလိုတာက စာပေနယ်ဆိုတာ ဖြတ်လမ်းမရှိပါဘူး။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါ။ ကြိုးစားပါ။ ခေတ်နဲ့အညီ ဆန်းသစ်ပါ၊ တီထွင်ပါ။ ယုံကြည်ချက်နဲ့ ရည်မှန်းချက်ထားကြပါ။ အောင်မြင်ကြမှာပါ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 03, 2023
image_latest


ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူအား တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဘာသာရပ်-ရသစာတမ်း(အက်ဆေး)

စာရေးသူ-မြေလတ်မောင်မြင့်သူ

စာအုပ်အမည်-နာမည်လေးမွှေးလို့ ချစ်ချင်သည်

“ဒီစာအုပ်ဖြစ်လာဖို့အတွက် ကိုဗစ်မတိုင်မီ ကာလကတည်းက စီစဉ်ခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် မထွက်ဖြစ်ခဲ့ဘဲ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှပဲ စာအုပ်ထွက်ခဲ့ပါတယ်။ စာမူတွေ ကတော့ ကျွန်တော့်ရဲ့ထုံးစံအတိုင်း ကျေးလက်ပုံရိပ်၊ အမေ့အလွမ်း၊ ရွာအလွမ်း၊ ဘဝဒဿန၊ လောကအမြင်နဲ့ ကျေးဇူးဆပ်စာမျက်နှာတွေ ပါဝင်ပါတယ်။ ရေးခဲ့သမျှစာအုပ်တွေထဲမှာ အားအရဆုံးစာအုပ် တစ်အုပ်ဖြစ်ပါတယ်။

၁၉၇၃ ခုနှစ်မှာ စာပေလောကကို ကဗျာရေးသားခြင်းနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ငွေတာရီ၊ မြဝတီမဂ္ဂဇင်းတွေမှာ ကဗျာတွေ ဆက်လက်ရေးသားခဲ့ပါတယ်။ စာရေးသက်နှစ်နှစ်လောက်ကြာတော့ ကလေးကဗျာတွေ ဆက်ရေးဖြစ်ပါတယ်။ အဲဒီကလေးကဗျာတွေနဲ့မှ လူပိုသိသွားပါတယ်။ စာရေးသက်သုံးနှစ်လောက်ကြာတော့ ဝတ္ထုတို၊ ဆောင်းပါးတွေရေးဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်းမျိုးစုံအောင် ရေးသားခဲ့ပါတယ်။ စာအုပ်ပေါင်း ၂၇ အုပ် ထွက်ရှိခဲ့ပြီး စာပေဆု ၂၁ ဆု ရရှိခဲ့ပါတယ်။

စာရေးဆရာ၊ ကဗျာဆရာဆိုတာ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ရေးပြီးတိုင်း စာတစ်အုပ်ကဗျာတစ်အုပ် ဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ အများစုကတော့ မဖြစ်နိုင်ခဲ့ကြပါဘူး။ နောက်ပြီး စာအုပ်ဖြစ်လာပြန်တော့လည်း စာပေဆုရရှိဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ စာပေဆုဆိုတာနတ်ကြီးပါတယ်။ ဒါကြောင့် အခုလိုဆုရရှိတဲ့အတွက်ကြောင့် ဝမ်းသာပီတိဖြစ်ရပါတယ်။ ရွေးချယ်တဲ့ဆရာသမားတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။

လူငယ်တွေကို စာပေအနေနဲ့ အကြံပြုလိုတာက စာပေနယ်ဆိုတာ ဖြတ်လမ်းမရှိပါဘူး။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါ။ ကြိုးစားပါ။ ခေတ်နဲ့အညီဆန်းသစ်ပါ၊ တီထွင်ပါ။ ယုံကြည်ချက်နဲ့ ရည်မှန်းချက်ထားကြပါ။ အောင်မြင်ကြမှာပါ”ဟု ပြောကြားသည်။

စာရေးဆရာ မြေလတ်မောင်မြင့်သူအား အဘဦးအောင်ချစ်- အမိဒေါ်အေးတို့မှ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် စာရပေအနောက်စုရွာ၌ ၁၉၅၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းကိုးဦးအနက် အကြီးဆုံးဖြစ်ကာ အမည်ရင်းမှာ ဦးတင်မောင်မြင့် ဖြစ်သည်။

မူလတန်းပညာကို စာရပေအနောက်စုရွာ၊ အောင်လံမြို့ ရွာထောင်ရွာနှင့် တောင်တွင်းကြီးမြို့နယ် ချောင်းနက်အရှေ့စုရွာတွင်လည်းကောင်း၊ အလယ်တန်းပညာကို အောင်လံမြို့ အလယ်တန်း ကျောင်းတွင် လည်းကောင်း၊ အထက်တန်းပညာကို အောင်လံမြို့ အထက်တန်းကျောင်းတွင်လည်းကောင်း ဟိုက်စကူးဖိုင်နယ်အထိနေခဲ့ပြီး ဆယ်တန်းကို ရန်ကုန်မြို့တွင် အလွတ်ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာဘွဲ့ရခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် အထက်တန်းရှေ့နေ စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၇၃ ခုနှစ် ဧပြီလထုတ် ငွေတာရီမဂ္ဂဇင်းပါ “နွေစေတနာ”ကဗျာဖြင့် စာပေလောကသို့ ရောက်ရှိခဲ့ပြီး ယနေ့အထိ ဝတ္ထု၊ ဆောင်းပါး အပုဒ်ရေ ၁၀၀ ကျော်၊ အက်ဆေး ၁၀၀ ကျော်နှင့် ကဗျာအမြောက်အမြား ပုံနှိပ်ဖော်ပြပြီးဖြစ်သည်။

ထုတ်ဝေပြီး ကဗျာစာအုပ် ၁၅ အုပ်၊ ဆေးပညာပေးကျန်းမာရေးစကားဝိုင်းစာအုပ် သုံးအုပ်၊ ကဗျာရေးနည်း ဆောင်းပါးစာအုပ် တစ်အုပ်၊ အက်ဆေးစာအုပ်ခြောက်အုပ်နှင့် ၂ဝ၁၇ ခုနှစ်တွင် ဝတ္ထုတိုငါးဆယ်အမည်ဖြင့် ဝတ္ထုတိုပေါင်းချုပ်တစ်အုပ်၊ ၂၀၁၈ ခုနှစ်တွင် အလှဆယ့်နှစ်လီ စာပန်းချီအမည်ဖြင့် ရာသီစာမှတ်စုတစ်အုပ်ထွက်ရှိခဲ့သည်။

အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆု၊ ကျိုက္ကလော့ အမေ့မေတ္တာစာပေဆု၊ ရုပ်ရှင်အမြုတေ ၅၂၀ မေတ္တာဘွဲ့စာပေဆု၊ မဟောသဓာဝတ္ထုရှည်ဝေဖန်ရေးဆောင်းပါးဆု၊ ရွှေအမြုတေအက်ဆေးဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆုနှင့် မတ္တရာမြို့ ရေနည်းငါးလေးများ ရွှေအက်ဆေးဆုတို့ ရရှိခဲ့သည်။

ဆရာမြေလတ်မောင်မြင့်သူ၏ အမျိုးသားစာပေဆုရ ကြက်တောင်စည်းနှင့်မစံပယ် ကလေးကဗျာစာအုပ်မှ ကဗျာအချို့ကို မူလတန်းကျောင်းသုံး စာရိတ္တပညာနှင့် ပြည်သူ့နီတိဘာသာရပ်တွင် ပြဋ္ဌာန်းလျက်ရှိသည်။ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ CENTER FOR DIVERSITY AND NATIONAL HARMONY (CINI) က ထုတ်ဝေသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုကလေးကဗျာစာအုပ်တွင်လည်း ကဗျာအချို့ကို ပြဋ္ဌာန်းသင်ကြားလျက်ရှိသည်။

ရယ်စရာမဂ္ဂဇင်း၊ ပိတောက်နွယ်မဂ္ဂဇင်း၊ ပြုံးစရာမဂ္ဂဇင်းနှင့် ပေဖူးလွှာမဂ္ဂဇင်းတို့တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး FACES(မုခ) မဂ္ဂဇင်းတွင်လည်း ဒုအယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ မီးအိမ်သစ်၊ ရွာဆော်ကြီး ကလောင်အမည်တို့ဖြင့် ဝေဖန်ရေးစာပေများလည်း ရေးသားခဲ့သည်။ ယခုအခါ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မိသားစုနှင့်အတူနေထိုင်လျက် စာပေများ ရေးသားနေဆဲဖြစ်သည်။ ။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ