လှည်းကူးမြို့နယ်၊ ဆင်ဖုန် (မြောက်) ကျေးရွာအနီးရှိ လယ်ကွင်း၌ ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးများ တွေ့ရှိ

လှည်းကူးမြို့နယ်၊ ဆင်ဖုန် (မြောက်) ကျေးရွာအနီးရှိ လယ်ကွင်း၌ ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးများ တွေ့ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 21, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၁

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရန်အတွက် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူပိုင်အဆောက်အအုံများ၊ လမ်းတံတားများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုန် (မြောက်) ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း၌ PC ပိုက် (အပြာ) စွတ်ထားသည့် မသင်္ကာဖွယ်ပစ္စည်းများ တွေ့ရှိကြောင်း ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တာဝန်သိပြည်သူများ၏ သတင်းပေးချက်များအရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါလယ်ကွင်းအတွင်း၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များက ပစ်ခတ်ရန် ပြင်ဆင်ထားသည့် PC ပိုက် (အပြာ) စွတ်လျက်အနေအထားဖြင့် ရှော့တိုက်ဒုံး ၆ လုံးကို တွေ့ရှိရသဖြင့် အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဒုံးသီးများကို စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာတစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ သတင်းများနှင့် အကြမ်းဖက်လုပ်ရပ်များကို မသင်္ကာဖွယ်တွေ့ရှိပါက ယခုကဲ့သို့ သတင်းပေးပို့ခြင်းဖြင့် အများပြည်သူတို့ ထိခိုက်ပျက်စီးမည့်အန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Posted on Feb 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Posted on Feb 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Feb 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း