သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဝန်ထမ်းများနှင့် တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဝန်ထမ်းများနှင့် တွေ့ဆုံ


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တေ် / November 16, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၆-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများအား သွားရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဝန်ကြီးဌာနအနေဖြင့် သယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်း ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင် တောများထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးနှင့် ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းများ ကိုအရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သယံဇာတထုတ်ယူသုံးစွဲခြင်းများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးတို့ အတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်ပြီး ပြည်သူက အားကိုးထိုက်သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဝန်းနှင့်ဝန်ထမ်း အိမ်ရာဝန်းအတွင်း စိမ်းလန်းသာယာလှပရေးဆောင်ရွက်ထားမှု အခြေအနေအား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Dec 05, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

HOT NEWS
January 4,