အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းဆင်း

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းဆင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 19, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၈

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁၁၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ အရည်အသွေးပြည့်ဝပြီး ယုံကြည်ချက်၊ ခံယူချက် စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ လေ့ကျင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ တပည့်များအား အတတ်ပညာများကို မကြွင်းမကျန် အကုန်အစင် သင်ကြားပြသရေးသာမက လိမ္မာရေးခြားရှိစေရေး၊ ဘေးအန္တရာယ်မဖြစ်စေရေး၊ အမှန်နှင့်အမှား၊ အကောင်းနှင့် အဆိုး၊ အကြောင်းနှင့် အကျိုးတို့ကို မှန်ကန်စွာ ခွဲခြားနားလည်နိုင်ရေး၊ ဘဝရပ်တည်နိုင်စေရေးအတွက် မိဘသဖွယ် လမ်းမှန်ညွှန်ပြ သွန်သင်ဆုံးမပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၉၄ ဦး တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး ရွှေရတုပြခန်း၊ စာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အလယ်အလတ်အဆင့်အရာထမ်းသင်တန်းအမှတ်စဉ် (၁၄) မှ သင်တန်းသား သင်တန်းသူများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ပြီး တက္ကသိုလ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် တက္ကသိုလ်ဆေးရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Posted on Dec 19, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Dec 18, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 17, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Dec 16, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Dec 15, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 14, 2025
HOT NEWS
January 4,