အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ပညာပေးလက်ကမ်းစာစောင် အမှတ်စဉ် (၁၃) ကို ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးမှု
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ပညာပေးလက်ကမ်းစာစောင် အမှတ်စဉ် (၁၃) ကို ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးမှု
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / December 15, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အဂတိ လိုက်စားမှု ဖြစ်နိုင်ခြေရှိမှုနှင့် အဂတိကင်းရှင်းစေရေးအတွက် ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ စည်းကမ်းပြည့်ဝပြီး ကျင့်ဝတ်စောင့်ထိန်းသော ဝန်ထမ်းကောင်းများ ဖြစ်စေရေး ရည်ရွယ်ချက်တို့ဖြင့် ဝန်ထမ်းများအားအသိပညာမျှဝေ ပညာပေးလက်ကမ်းစာစောင်များ အခါအားလျော်စွာ ဖြန့်ဝေမှုနှင့်ဆွေးနွေးမှုများဆောင်ရွက်ခဲ့ရာ ယခုအခါ စာစောင်အမှတ်စဉ်(၁၃)ထိ ရောက်ရှိပြီ ဖြစ်ပါသည်။
ပညာပေးလက်ကမ်းစာစောင် အမှတ်စဉ်(၁၃)ကို “ကမ္ဘာ့အဖွဲ့အစည်း၏နိုင်ငံသားကောင်းဖြစ်ခြင်း” ခေါင်းစဥ်ဖြင့် ပြုစုဖြန့်ဝေထားခြင်းဖြစ်ပါသည်။ အဆိုပါစာစောင်တွင် ကမ္ဘာ့နိုင်ငံသားဖြစ်ခြင်း၊ ကမ္ဘာ့နိုင်ငံသားကောင်းတို့ လိုက်နာရန်အချက်များ (ကမ္ဘာ့နိုင်ငံသားတို့၏လက္ခဏာပုံစံ)၊ ကမ္ဘာ့လူ့အဖွဲ့အစည်းမှ နိုင်ငံသားကောင်းတို့၏ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်၊ တာဝန်ဝတ္တရားများ၊ မြန်မာ့ယဥ်ကျေးမှုနှင့်စပ်လျဉ်း၍ နိုင်ငံသားကောင်းတို့၏ တာဝန်ဝတ္တရား၊ ကမ္ဘာ့လူ့အဖွဲ့အစည်းနှင့် မြန်မာ့လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်ကောင်းဖြစ်ခြင်း စသည့်အချက်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးအသီးသီးတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများက ဝန်ထမ်းများသို့ ရှင်းလင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 14, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု(၁၄-၁၂-၂၀၂၅)
Posted on Dec 15, 2025
