အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေနိုင်ရေး ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါကြောင်း နှိုးဆော်ခြင်း
အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေနိုင်ရေး ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါကြောင်း နှိုးဆော်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 21, 2024

၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ် သုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
၂။ စက်တင်ပုံနှိပ်ပြီး ကျမ်းစာအုပ်မှာ ၂ အုပ်၊ ပုံနှိပ်ဆဲမှာ ၆ အုပ်၊ စာသားများစစ်ဆေးဆဲမှာ ၁၇ အုပ်၊ စာမူပြုစုဆဲမှာ ၆ အုပ်ရှိပြီး ဆက်လက်ဆောင်ရွက်ရန် ကျမ်းစာအုပ်မှာ ၂၀ အုပ် ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အလှူရှင်များအနေဖြင့် ကျမ်းစာအုပ် တစ်အုပ်လျှင် ငွေကျပ် ၃၀၀၀၀/- (ကျပ်သုံးသောင်း) နှုန်းဖြင့် မိမိတတ်နိုင်သည့် စာအုပ်အရေအတွက်အတိုင်း ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါသည်။
၄။ လှူဒါန်းလိုပါက ဦးသောင်းဝင်း(ညွှန်ကြားရေးမှူး)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဖုန်း-၀၆၇ ၃၄၀၆၂၇၆၊ ၀၉- ၄၂၀၇၀၁၄၆၃၊ ဦးကျော်လွင်(ညွှန်ကြားရေးမှူး)၊ သာသနာရေးဦးစီးဌာန၊ ဖုန်း-၀၆၇ ၃၄၀၆၂၃၂၊ ၀၉- ၄၀၀၅၁၆၇၇၇၊ ဦးကျော်မိုး (ညွှန်ကြားရေးမှူး)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ဖုန်း-၀၁ ၈၆၆၁၂၇၅၊ ၀၉-၄၀၂၁၈၈၂၁၄၊ ဦးဝင်းသိန်းထွန်း (ညွှန်ကြားရေးမှူး)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ဖုန်း- ၀၂ ၄၀၆၁၁၁၂၊ ၀၉-၄၂၁၀၀၀၈၄၈၊ ဦးဇော်ဦး(ညွှန်ကြားရေးမှူး)၊ ရန်ကုန် တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဖုန်း-၀၁ ၆၅၁၂၀၉၊ ၀၉- ၂၀၃၈၅၆၃၊ ဦးကျော်လှိုင်(ညွှန်ကြားရေးမှူး)၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၂ ၄၀၃၆၃၁၂၊ ၀၉-၂၆၃၉၉၉၀၀၁ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Posted on May 5, 2025