အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲကျင်းပ

အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 12, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၁

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင်ဖွင့်လှစ်သည့် အလယ်အလတ်အဆင့်၊ အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။       

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက သင်တန်းသားသင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ထိရောက်မှုရှိစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်တာဝန်များကို လုပ်ရည်ကိုင်ရည် ပြည့်ဝစွာဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်ကလက်ရှိချမှတ် ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုစေရန်နှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်ပါကြောင်း။

သင်တန်းတက်ရောက်ခြင်းဖြင့် စာရင်းပညာနားလည်တတ်ကျွမ်းပြီး စာရင်းပြုစုနည်းလမ်းများကို ကောင်းစွာတတ်မြောက်ခြင်းဖြင့် ပြည်သူ့ဘဏ္ဍာငွေကြေး ကိုင်တွယ်သုံးစွဲစီမံရာတွင် အမှားအယွင်းမရှိ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ခြင်း၊ ဝန်ထမ်းများ၏ တာဝန်နှင့်ရပိုင်ခွင့်များကို ပိုမိုသိရှိနားလည်ပြီး လိုက်နာကျင့်သုံးရမည့် ဝန်ထမ်းစည်းကမ်းများကို သိရှိနိုင်ခြင်းတို့ကြောင့် လက်တွေ့လုပ်ငန်းခွင်တွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မိမိတို့သိရှိထားသည့် အသိပညာဗဟုသုတများကို ပြန်လည် မျှဝေပေးကြရန်၊ ဝန်ထမ်းများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကိုလိုက်နာပြီး သင်ယူလေ့လာခဲ့သည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေးအတွက် ကြိုးစားကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးချမ်းသာက သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနအဖွဲ့အစည်း ၃၁ ခုမှ အလယ်အလတ်အဆင့် သင်တန်းတွင်သင်တန်းသား ၂၅၃ ဦး၊ ဝန်ကြီးဌာနအဖွဲ့အစည်း ၂၈ ခုမှ အဆင့်မြင့်သင်တန်းတွင် သင်တန်းသား ၁၆၄ ဦး စုစုပေါင်း ၄၁၇ ဦး တက်ရောက်ခဲ့ကြပြီး အရည်အချင်းစစ်စာမေးပွဲကို အဆင့်မြင့်စာရင်း ကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန် တို့တွင် ဒီဇင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည်။

သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများတက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်း သားများက Online ဖြင့် တက်ရောက်ကြသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,