အလုပ်သမားနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းပုံ-လှိုင်ဝါး-လက္ခဏလမ်း ကတ္တရာလမ်းသစ်ဖွင့်

အလုပ်သမားနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းပုံ-လှိုင်ဝါး-လက္ခဏလမ်း ကတ္တရာလမ်းသစ်ဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 26, 2024


ဘားအံ - ဧပြီ (၂၆)

၂၀၂၄ ခုနှစ် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၏ အဓိကကျေးရွာချင်းဆက် လမ်းများဖြစ်သော မဲဘောင်-နောင်ပလိန်လမ်း၊ ရေကျော်-လှိုင်းပုံ -လှာကမြင်လမ်းနှင့် ကော့ကသောင်-လက္ခဏ လမ်းတို့အား ကွန်ယက်သဖွယ်ချိတ်ဆက်ပေးထားသည့် လှိုင်းပုံ-လှိုင်ဝါး - လက္ခဏလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဧပြီလ ၂၆ ရက်နေ့ နံနက် ၈ နာရီက လှာကဒေါင်ကျေးရွာအုပ်စု၊ လှိုင်းပုံကျေးရွာရှိ အဆိုပါလမ်းသစ်မုခ်ဦး တည်နေရာ၌ ကျင်းပသည်။

လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့်လမ်းကို အသုံးပြု၍ ခရီးစဉ်ဒေသများဖြစ်သော ဣစ္ဆာသယဂူ၊ ကော့ကသောင်ဂူနှင့် ဗုဒ္ဓဂါယာသို့ ဒေသခံပြည်သူများ၊ ရပ်နီး/ရပ်ဝေးမှ ဘုရားဖူးခရီးသွားဧည့်သည်များ အချိန်တိုအတွင်းသွားလာနိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့ စေကာ ကရင်ပြည်နယ်၏ခရီးသွားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အဦများဖြစ်သော လမ်း၊တံတားများတည်ဆောက်ရာတွင် အတူတကွပူး ပေါင်းပါဝင်ကူညီပေးကြရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ညွှန်ကြားရေးမှူး (မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက လှိုင်းပုံ-လှိုင်ဝါး-လက္ခဏလမ်း ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ အဆိုပါယဉ်ကျေးမှုအဖွဲ့ များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

လှိုင်းပုံ-လှိုင်ဝါး-လက္ခဏလမ်းသည် စုစုပေါင်းလမ်းမိုင်အရှည်(၂)မိုင်(၅)ဖာလုံရှိပြီး ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည်တစ်မိုင်အား ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၃၀၁ ဒဿမ ၂၆၈)သန်းဖြင့် (၁၄)ပေအကျယ် ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်လမ်းအရှည်တစ်မိုင် ငါးဖာလုံအနက် ကတ္တရာလမ်းတစ်မိုင်နှင့် ကွန်ကရစ်လမ်းနှစ်ဖာလုံကို လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။


၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Posted on May 07, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Posted on May 06, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on May 05, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ကြေညာချက်

Posted on May 7, 2024

ကြေညာချက်

ကြေညာချက်

Posted on May 7, 2024

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ လှူဒါန်းနိုင်

Posted on May 7, 2024

နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့်စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိပါသည်။

HOT NEWS
January 4,