အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်သုံးခုရရှိခဲ့သည့် မြန်မာတက်ဂ်ဘောအသင်း ပြန်လည်ရောက်ရှိ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်သုံးခုရရှိခဲ့သည့် မြန်မာတက်ဂ်ဘောအသင်း ပြန်လည်ရောက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 01, 2026
ရန်ကုန် ဧပြီ ၃၀
တရုတ်နိုင်ငံ ဆန်ညာမြို့တွင် ကျင်းပသည့် (၆) ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်သုံးခု ရရှိ ခဲ့သည့် မြန်မာတက်ဂ်ဘောအသင်းသည် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တက်ဂ်ဘောအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာတက်ဂ်ဘော အသင်းသည် ပထမဆုံးအာရှအဆင့်ပြိုင်ပွဲအဖြစ် အာရှသဲသောင်ပြင် D အာရှသဲသောင်ပြင်မှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား သုံးခုစလုံး ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတက်ဂ်ဘောအသင်းအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများကို ၂၀၂၅ ခုနှစ်မှစတင်ယှဉ်ပြိုင်သော်လည်း ပထမဆုံးပြိုင်ပွဲဖြစ်သည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်များရယူနိုင်ခဲ့သလို ယခုအာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင်လည်း ဆုတံဆိပ်များ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတက်ဂ်ဘောအသင်းသည် ကြေးတံဆိပ်ဆုများကို အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီး Mixed ပြိုင်ပွဲတို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - စိုးညွန့်သော်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
