အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၆၈ ဦးထပ်မံစစ်ဆေးနိုင်ခဲ့

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၆၈ ဦးထပ်မံစစ်ဆေးနိုင်ခဲ့


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၈

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံစစ်ဆေးနိုင်ခဲ့သည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ First Secretary Mr. David Leonard Hatumena နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။

ထို့အတူ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပါကစ္စတန်နိုင်ငံသား ၆၀ ဦး၊ ကင်ညာနိုင်ငံသား ၅၆ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၁ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိမြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၆၄၀ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၀၂၈၇ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၃၆၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၇၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 26, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Posted on Oct 25, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Posted on Oct 24, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

Posted on Oct 29, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

Posted on Oct 28, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Posted on Sep 19, 2025

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

HOT NEWS
January 4,