ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေဘာသာပြန်စာအုပ် အမှတ် (၁၆) ထုတ်ဝေ

ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေဘာသာပြန်စာအုပ် အမှတ် (၁၆) ထုတ်ဝေ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ် အမှတ်(၁၆)ကိုထုတ်ဝေပြီး ဖြစ်သည်။

ဥပဒေ ဘာသာပြန်အဖွဲ့ကို ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေအရ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာပြန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။

ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိရာ သင်္ဘောကုန်တင်တန်ဆာများ အက်ဥပဒေ (The Bills of Lading Act) ၊ ခရိုင်ခိုင်ကြေးအက်ဥပဒေ (The District Cesses Act)၊ သေစေနိုင်သော မတော်တဆ ထိခိုက်မှုများအက်ဥပဒေ (The Fatal Accidents Act)၊ မြန်မာနိုင်ငံ ကူးလက်မှတ်အက်ဥပဒေ (The Myanmar Passport Act) ၊ အဆိပ်များအက်ဥပဒေ (The Poisons Act)၊ ဘာသာရေးအသင်း အဖွဲ့များအက်ဥပဒေ (The Religious Societies Act) တို့ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး အဆိုပါ မြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေများသည် ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေပုဒ်မ ၁၂ အရ မူလစာမူနှင့်အလားတူ အာဏာတည်ကြောင်း ဥပဒေဘာသာပြန်ကော်မရှင်၏ အမိန့်အမှတ် ၂/ ၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါ ဘာသာပြန်ဆိုပြီးသည့် ဥပဒေ ခြောက်ခုကို စုစည်း၍ ဥပဒေဘာသာပြန်စာအုပ် အမှတ် (၁၆)အဖြစ် ပြုစုထုတ်ဝေခြင်းဖြစ်ပြီး မြန်မာဘာသာပြန်ဆိုချက်များကို မူလစာမူနှင့် ယှဉ်တွဲဖတ်ရှု လေ့လာနိုင်ရန် မူလအင်္ဂလိပ်စာမူကိုလည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။

ဥပဒေရေးရာဝန်ကြီးဌာနက ထုတ်ဝေသည့် ဥပဒေဘာသာပြန် စာအုပ်အမှတ်(၁၆)သည် တရားဝင်ကိုးကားသုံးစွဲနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်သည့်အပြင် ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာကို လေ့လာလိုက်စား လိုသူများအတွက် အသုံးဝင်မည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပြီး စာကြည့်တိုက်များတွင်ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 26, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Posted on Oct 25, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Posted on Oct 24, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Oct 23, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

Posted on Oct 28, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Posted on Sep 19, 2025

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

ရေကြောင်းသတိပေးကြေညာချက်

Posted on Oct 27, 2025

ရေကြောင်းသတိပေးကြေညာချက်

HOT NEWS
January 4,