ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဆန်စက်လုပ်ငန်းရှင်များ၊ နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုးဖြစ်ထွန်းစေရေး ဆွေးနွေးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဆန်စက်လုပ်ငန်းရှင်များ၊ နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုးဖြစ်ထွန်းစေရေး ဆွေးနွေးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / November 20, 2025
ပုသိမ် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ဆန်စက် လုပ်ငန်းရှင်များ၊ နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုး ဖြစ်ထွန်းစေရေး ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မျိုးစေ့ထုတ်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူကြီးများ၊ ဆန်တင်ပို့ရောင်းချသူအဖွဲ့အစည်းများ၊ စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဘဏ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများနှင့် ဆက်စပ်နေသည့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းပေါ်မူတည်ပြီး ပြည်တွင်းရှိ စပါးစိုက်တောင်သူများ ထိုင်သင့်သည့် အကျိုးအမြတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးစရိတ်များသည်လည်း မြင့်မားလာပြီး တောင်သူများအတွက် အဓိကလိုအပ်သည့် သွင်းအားစုများ၊ ဓာတ်မြေဩဇာများအား အသက်သာဆုံးဖြစ်အောင် နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွင် ဆန်စက်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ ဘဏ်များပူးပေါင်း၍ တောင်သူများနှင့် တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မားပြီး အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Supply Chain တစ်ခုလုံးတွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက(၁)သိန်း အကောင်အထည် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာရောက်ရင်းနှီး မြှုပ်နှံ၍ Contract Farming စနစ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းမျာကိုလည်း ခရိုင်အလိုက် လျာထားမှုများပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် ပေါ်ဆန်းဖိုရမ်ပြုလုပ်၍ ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေးကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း၊ Export Zone တွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကိုအခြေခံ၍ စနစ်တကျဖြင့် အရည်အသွေးရှိသည့်ဆန်စပါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆန်စက်များ အရည်အသွေးကောင်းမွန်ရန်နှင့် စပါးခွံ လောင်စာသုံး Gasifier စနစ်မှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်း မှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုများ ဖွံ့ဖြိုး တိုးတက်အောင်မြင်စေရန်အတွက် ပါဝင်ဆက်နွယ်ကြသူအားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တောင်သူအကျိုးဖြစ်ထွန်းစေရန်အတွက် မျိုးစေ့ကုမ္ပဏီနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုများ၊ UAB ဘဏ်နှင့်ပူးပေါင်း၍ Ecosystem/Financing ပုံစံအား ရှင်းလင်းတင်ပြခြင်း၊ ကြိတ်ခွဲထွက်ရှိ လာသော ဆန်များအား TPC မှ ဆန်ပြန်လည်ဝယ်ယူပေးမည့် လုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီး လုပ်ငန်းအမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်ချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Posted on Nov 20, 2025Myanmar National Human Rights Commission Statement No (14/ 2025)
Posted on Nov 20, 2025
