ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ လမ်းလျှောက်နေသည့် အမျိုးသမီး တစ်ဦးအား မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ လမ်းလျှောက်နေသည့် အမျိုးသမီး တစ်ဦးအား မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 18, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ လမ်းလျှောက်နေသည့် အမျိုးသမီး တစ်ဦးအား မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၂၈ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆားမလောက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကဇန်း(ရေနံမြေ) လမ်းဆုံမှ ဆားမလောက်လမ်းဆုံဘက်သို့ ထားဝယ်မြို့နယ်၊ ကရပ်ပြင်တောင်ရပ်ကွက်နေ ဦးအောင်အောင်သိန်း(၄၄)နှစ် မောင်းနှင်လာသည့် MDY-15 2L/XXXX HINO မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူရှေ့မှ လမ်းလျှောက်နေသည့် ထန်းတပင်မြို့နယ်၊ အလယ်ဆည် ကျေးရွာနေ မအိအိလွင်(၁၆)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် မအိအိလွင်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အောင်အောင်သိန်း အား မဲဇလီနယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၂၆၊ ရာဇ သတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
