ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေး စက်ရုံနှင့် မီးလင်းဂျိုင် - ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုင်ရာအချက်အလက်များ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေး စက်ရုံနှင့် မီးလင်းဂျိုင် - ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုင်ရာအချက်အလက်များ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့တက်ရောက်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 21, 2026


ပုသိမ် မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံနှင့် မီးလင်းဂျိုင် - ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုင်ရာအချက်အလက်များ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် MEE LIN GIANG ELECTRIC POWER COMPANY LIMITED မှ လာရောက်ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက မီးလင်းဂျိုင်စီမံကိန်း၏ စီမံကိန်းဆိုင်ရာအချက် အလက်များ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ဒေသလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ မီးလင်းဂျိုင်(၁၃၉၀)မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်း၏ ဆက်စပ်စီမံကိန်းဖြစ်သည့် မီးလင်းဂျိုင်-ရန်ကုန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသစ်စီမံကိန်း၊ သဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာအချက်အလက်များ၊ အဆိုပြု ရွေးချယ်အတည်ပြုထားသည့် ပိုက်လိုင်းအူကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြမှု များနှင့် ဌာနဆိုင်ရာများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီး လုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်သွားမည် ဖြစ်သောကြောင့် စီမံကိန်းလုပ်ငန်းများပြီးစီးပါက နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိသည့် စီမံကိန်းကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း”ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Posted on May 16, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း