ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 26, 2026
ပုသိမ် မေ ၂၅
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ ကျောင်းအပ်ကြပါစို့ ”သီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ် ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ကျင်းပသည့်အခမ်းအနားသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားဖြစ်ပြီး ပညာရေးဆောင်ပုဒ်မှာ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းများတွင် မေလ ၂၅ ရက် (တနင်္လာ)နေ့မှ မေလ၃၁ရက်(တနင်္ဂနွေ)နေ့ကို “ကျောင်းအပ်နှံ ရေး သီတင်းပတ်” အဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိကျောင်းများ စတင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်ကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန် လိုပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရန်၊ တန်းစဉ်ကူး ပြောင်းနှုန်းမြင့်မားရန်တို့ကို အလေးထားဆောင်ရွက် သွားရန်လိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ပညာရေးသည် အလွန်အရေးပါပြီး နိုင်ငံတော် တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပါကြောင်း၊ နိုင်ငံတွင် ပညာတတ်များ၊ ပညာရှိများ ပေါကြွယ်ဝမှ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်က မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပစ္စည်းများကို လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ် စာအုပ်နှင့် ဗလာစာအုပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုလည်းကောင်း အသီးသီးပေးအပ် ခဲ့ကြပြီးနောက် အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနား မှတ်တမ်းဓာတ်ပုံများနှင့် ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် ဆောင်ရွက်ခဲ့သော ကျောင်းအပ်နှံရေးနေ့အခမ်းအနား မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
