၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီး၊ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုခဲ့ကြ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီး၊ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုခဲ့ကြ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 18, 2026
image_latest


ရန်ကုန် မတ် ၁၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဆက်လက်ကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် ၁၄ ခုမှ မြို့နယ် ၄၅ မြို့နယ်ရှိ စာစစ်ဌာန ၁၁၁ ခုတွင် စာစစ်ဌာန ၁၀၇ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ၏ သိပ္ပံ/ ဝိဇ္ဇာဘာသာရပ်များ နောက်ဆုံးဖြေဆိုမှုအဖြစ် ဇီဝဗေဒ၊ ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ၌ စက်မှုအတတ်ပညာ ဘာသာတွဲတွင် (လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်း၊ စက်မှုလက်မှုသုံး လျှပ်စစ်မော်တာထိန်းချုပ်မှုနှင့် စက်ခုတ်စားမှုနည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ ဘာသာတွဲတွင် (လူမှုရေးသိပ္ပံ)နှင့် မွေးမြူရေးအတတ်ပညာဘာသာတွဲတွင် (စားမြုံ့ပြန်သတ္တဝါမွေးမြူ ထုတ်လုပ်ရေးဘာသာရပ်)တို့ကို စာစစ်ဌာနလေးခု၌ ကျောင်းသား ၂၄၄ ဦး၊ ကျောင်းသူ ၁၅၈ ဦးဖြင့် စုစုပေါင်း ၄၀၂ ဦး ပျက်ကွက်သူ မရှိဘဲ ဖြေဆိုကြကာ အင်းစိန် ဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ကျောင်းသား ၃၃ ဦး၊ ကျောင်းသူ သုံးဦး စုစုပေါင်း ၃၆ ဦး၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်း၊ ဒဂုံ(မြောက်)၊ မြောက်ဥက္ကလာပ၊ ဗဟန်းနှင့် လမ်းမတော်မြို့နယ်ရှိဆေးရုံတို့၌ ကျောင်းသားတစ်ဦး၊ ကျောင်းသူခြောက်ဦး စုစုပေါင်းခုနစ်ဦး ဖြေဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများသို့ ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေချောမွေ့စေရန် ယာဉ်ထိန်းတပ်ဖွဲ့နှင့် စိတ်အေးချမ်းသာ စွာဖြေဆိုနိုင်ရန် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များကလည်းကောင်း၊ ကျန်းမာ‌ရေးအတွက် သက်ဆိုင်ရာမြို့နယ်များမှ ကျန်းမာရေးမှူးများနှင့် ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့များကလည်းကောင်း စတင်ဖြေဆိုချိန်မှ ပြီးဆုံးချိန်အထိ စောင့်ကြပ်ပေးခဲ့ကြသည်။

မတ် ၁၈ ရက်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နောက်ဆုံးဘာသာအဖြစ် စက်မှုအတတ်ပညာဘာသာတွဲ၌ မြို့ပြပုံဆွဲ၊ အခြေခံပရိုဂရမ် မိတ်ဆက်နှင့် စက်မှုပုံဆွဲဘာသာရပ်တို့ကို ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

ဓာတ်ပုံ - ကနူး၊ ညိမ်းသူ


၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း