၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 18, 2026
image_latest


နေပြည်တော် မတ် ၁၇

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားစာစစ်ဌာနအပါဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ကျင်းပသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၆ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၇၁ ခု စာစစ်ဌာန စုစုပေါင်း ၈၈၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၆၈၇၅၃ ဦးရှိပြီး စာမေးပွဲဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၆၂၄ ဦး၊ ပျက်ကွက် ၁၄၁၂၉ ဦးရှိကာ ဖြေဆိုသူ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းရှိသည်။

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန စုစုပေါင်း ၅၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စက်မှုအတတ်ပညာဘာသာတွဲ၊ စိုက်ပျိုးရေးအတတ်ပညာဘာသာတွဲနှင့် မွေးမြူရေး အတတ်ပညာဘာသာတွဲများဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၃၃၈၆ ဦးရှိပြီး စာမေးပွဲ ဆဋ္ဌမနေ့တွင် စက်မှုကျောင်းသား ကျောင်းသူများက လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံး လျှပ်စစ်မော်တာထိန်းချုပ်မှု၊ စက်ခုတ်စားမှုနည်းပညာဘာသာရပ်များ၊ စိုက်ပျိုးရေးကျောင်းသား ကျောင်းသူများက လူမှုရေးသိပ္ပံဘာသာရပ်နှင့် မွေးမြူရေးကျောင်းသား ကျောင်းသူများက စားမြုံ့ပြန်သတ္တဝါ မွေးမြူထုတ်လုပ်ရေးဘာသာရပ်တို့ကို ဖြေဆိုကြကာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၃၆၄ ဦး၊ ပျက်ကွက် ၂၂ ဦးရှိပြီး ဖြေဆိုသူ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။                                                              

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း