၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 21, 2026
ဘားအံ - မေ (၂၁)
ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိအပ်နှံပညာသင်ကြားနိုင်ရေးအတွက် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ပညာရေး ဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ပါဝင်အားဖြည့်ကူညီပေးကြသည့် ဘင်ခရာ၊ပန်းပွားအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါဆိုင်းဘုတ်တင်ပွဲကျင်းပရာရှေ့ရှိ တန်းမြင့် ကျောင်းလမ်းတွင် သွားလာနေကြသော ရပ်ကွက်နေပြည်သူများအား ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာများ၊ အခမဲ့ ထောက်ပံ့မှုများပါဝင်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး နှိုးဆော်လွှာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်မာ့စီးပွားရေးဘဏ်(ဘားအံဘဏ်ခွဲ)၏ ဘဏ်လုပ် ငန်းဆောင်တာများ စနစ်တကျဆောင်ရွက်နေမှုနှင့် လစဉ် ၂၁ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာ ငွေများထုတ်ပေးနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာငွေလာရောက်ထုတ်ယူနေကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအားရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍အားပေးစကားများပြောကြားပြီး ဘဏ်ဝန်ထမ်းများက ပင်စင်လစာငွေများ ကို စနစ်တကျထုတ်ပေးနေမှုအခြေအနေ၊ ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ ပင်စင်စားများအား သက်သာသောနှုန်းထားဖြင့် ဆန်အမျိုးမျိုးရောင်းချပေးနေမှုအခြေအနေ၊ တိုင်းရင်းဆေးဦးစီး ဌာန ကုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံနှင့် ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့်အခြေအနေ၊ ကရင်ပြည်နယ် ဆီကုန်သည်ကြီးများအသင်းက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သက်သာသောနှုန်းထားများဖြင့် စားသုံးဆီများရောင်းချ ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ အငြိမ်းစားဝန်ထမ်းများအား အားဖြည့်အချိုရည်များဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ဖွင့်လှစ်ခဲ့သည့် စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းမှ ဂတ်ထူစက္ကူ၊ ဗေဒါ၊ နွားချေး၊ ဖွဲနု၊ မျိုးထုပ်တို့ကိုအသုံးပြုစိုက်ပျိုးထားသော စားသုံးမှိုစိုက်ဘောင်များမှ ကောက်ရိုးမှိုများ ထွက်ရှိမှုအခြေအနေများကို တောင်သူများအားနည်းပညာပေးလက်တွေ့ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ထောင်ဝိ၊ ဝင်းကျန်၊ အမှတ်(၈)ရပ်ကွက် အစရှိသည့် ရပ်ကွက်/ကျေးရွာများမှ တောင်သူများ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နော်သူးလေထီးက ကောက်ရိုးမှိုစိုက်ပြီး သက်တမ်း ၂ ပတ် အ တွင်း အချိန်တိုတို၊ နေရာကျဉ်းကျဉ်းတွင် ဝင်ငွေရရှိအောင်စိုက်ပျိုးလုပ်ကိုင်နိုင်သည့်အကြောင်းများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မှိုများကိုခူးဆွတ်ပြသရာ ၁၂ ပေ၊ ၃ ပေ တစ်ဘောင်လျှင် သန့်ရှင်းလတ်ဆက်သည့်မှိုလေးပိဿာခန့်ထွက်ရှိပြီး ဒုတိယအကြိမ်၊တတိယအကြိမ်ထပ်မံခူးဆွတ်နိုင်ကာ စီးပွားဖြစ် စိုက်ပျိုးကြမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမှုစီးပွားဘဝများတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါသည်။






“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
Posted on May 21, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 19, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...
Posted on Feb 28, 2026ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
