၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 24, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၃

ကျန်းမာရေးဝန်ကြီးဌာန ၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မကြာသေးမီက ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေ ၂၀၂၆ ခုနှစ်ကို ပြဋ္ဌာန်းပြင်ဆင်ခဲ့ပြီးဖြစ်သည့်အတွက် ဥပဒေပြင်ဆင်ချက်တွင်ပါရှိသည့် လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစီးဌာနအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ အီလက်ထရွန်နစ်အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရွန်နစ် စီးကရက်၊ ယင်းအီလက်ထရွန်နစ် စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၉)အရ အ‌ရေးကြီးကုန်စည်အဖြစ် သတ်မှတ်၍ တားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ တားမြစ်မိန့်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

၂၀၃၀ ပြည့်နှစ်တွင် ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals)အနက်မှ ကျန်းမာရေးနှင့် သက်ဆိုင်သည့် SDG များကို ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာစေရေးလာမည့် ငါးနှစ်တာကာလသည် အရေးကြီးသည့်အတွက် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ပုံမှန်စောင့်ကြည့် ကြီးကြပ်ဆန်းစစ် သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များအား ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် လာမည့် ငါးနှစ်တာကာလအတွင်း မိမိတို့၏အဓိကရည်မှန်းချက်ဖြစ်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လူတိုင်းလက်လှမ်းမီရရှိစေရေးနှင့် ပြည်သူလူထုမှ ကျန်းမာ‌ရေးအတွက် ကိုယ်တိုင်စိုက်ထုတ် ကျခံသုံးစွဲရသည့် ငွေကြေးကုန်ကျမှု လျော့နည်းစေရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်စိုးက ၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့်စပ်လျဉ်း၍ လက်ရှိ မြန်မာနိုင်ငံတွင် ရရှိနေသောအညွှန်းကိန်းရလဒ်များ နှင့် ၂၀၃၀ တွင် ပြည့်မီရမည့် အညွှန်းကိန်းများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူး ချုပ်များက ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ် အလိုက်ရရှိထားသော အညွှန်းကိန်းရလဒ်များနှင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရမည့် အညွှန်းကိန်းများအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို တင်ပြဆွေးနွေးသည်။

အခမ်းအနားသို့ ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒေအကြံပေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

Posted on Feb 23, 2026

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

Posted on Feb 23, 2026

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်