၂၄-၉-၂၀၂၄ ရက်နေ့မှ ၂၇-၉-၂၀၂၄ ရက်နေ့ထိ ကျင်းပသော ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၁၆) ကြိမ်မြောက်ညီလာခံနှင့် (၉) ကြိမ်မြောက်စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့ခြင်း

၂၄-၉-၂၀၂၄ ရက်နေ့မှ ၂၇-၉-၂၀၂၄ ရက်နေ့ထိ ကျင်းပသော ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၁၆) ကြိမ်မြောက်ညီလာခံနှင့် (၉) ကြိမ်မြောက်စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့ခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / October 04, 2024


ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတ နိုင်ငံစာရင်းစစ်ချုပ်ရုံးက ကြီးမှူး၍ အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက်ထိကျင်းပသည့် အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organization of Supreme Audit Institutions–ASOSAI) ၏ (၁၆) ကြိမ်မြောက်ညီလာခံနှင့် (၉) ကြိမ်မြောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့သည်။

ညီလာခံတွင် အဖွဲ့၏ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ် ကော်မတီအစီရင်ခံစာနှင့် ၂၀၂၅ မှ ၂၀၂၇ ခုနှစ်အတွက် ဘတ်ဂျက်တို့အား အတည်ပြုခြင်း၊ အဖွဲ့၏ မဟာဗျူဟာလုပ်ငန်းစီမံချက်၊ ဘန်ကောက်ကြေညာစာတမ်း၏ရလဒ်များ၊ (၁၃) ကြိမ်မြောက် သုတေသနစီမံကိန်းအစီရင်ခံစာ၊ ASOSAI Working Group ဖွဲ့စည်းမှုနှင့် အစီရင်ခံစာများ၊ စည်းမျဉ်းများပြင်ဆင်ရန်တို့နှင့်စပ်လျဉ်း၍ တင်ပြအတည်ပြုခြင်း၊ (၁၇) ကြိမ်မြောက်ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စာရင်းစစ်ချုပ်ရုံးအား အတည်ပြုခြင်း၊ ၂၀၂၄ မှ ၂၀၂၇ ခုနှစ်အတွက် ASOSAI ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည့် အိန္ဒိယသမ္မတနိုင်ငံစာရင်းစစ်ချုပ်ထံသို့ ယခင်ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ စာရင်းစစ်ချုပ်မှ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခြင်းနှင့် အုပ်ချုပ်မှုဘုတ်အဖွဲ့နှင့် စာရင်းစစ်ကော်မတီ အဖွဲ့ဝင်များကို လျှို့ဝှက်မဲပေးသည့်စနစ်ဖြင့် ရွေးချယ်အတည်ပြုခြင်း၊ နယူးဒေလီကြေညာစာတမ်းကို အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

(၉) ကြိမ်မြောက်စာတမ်းဖတ်ပွဲကို “အခြေခံဒီဂျစ်တယ်စနစ်နှင့်ဝန်ဆောင်မှုကဏ္ဍများနှင့် ကျားမခွဲခြားမှုကြောင့် ယင်းကဏ္ဍများတွင် ပါဝင်သုံးစွဲခွင့်ပြဿနာ” ခေါင်းစဉ်ဖြင့် အစ္စရေး၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိုမန်နှင့် ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံးများမှ တင်ပြခဲ့ကြပြီး အဆိုပါစာတမ်းများအပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းခြင်းများ၊ အိန္ဒိယသမ္မတနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ စာတမ်းများကို အနှစ်ချုပ်သုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ညီလာခံတက်ရောက်စဉ် ကာလအတွင်း ယူအေအီး စာရင်းစစ်ချုပ်ရုံး၏ ကမ်းလှမ်းချက်အရ ယင်းစာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ရာ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် နည်းပညာ၊ အတွေ့အကြုံ၊ ဗဟုသုတများ အပြန်အလှန်ဖလှယ်နိုင်ရေး ပူးပေါင်းဆောင်ရွက်လိုသည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်သွားရန် ကနဦး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် Social Program အနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ ၊ အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အရှေ့ဘက် (၁) မိုင်ခန့်ဝေးသော ယမုံနာမြစ်ကမ်းဘေးရှိ ဥယျာဉ်ကြီးတစ်ခုအတွင်းတည်ရှိပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည့် တာ့ဂျ်မဟာရ်သို့ သွားရောက်လည်ပတ်လေ့လာခဲ့ကြသည်။

ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Posted on May 12, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Posted on May 11, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Posted on May 10, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

Travel Advisory (1/2025)

Posted on May 12, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Posted on May 9, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

HOT NEWS
January 4,