(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား တွေ့ဆုံအားပေး

(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား တွေ့ဆုံအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 31, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၃၀

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီဟဒီပအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အားကစားခန်းမကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားခန်းမဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အမှာစကားပြောကြားကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့ထံ အားကစားခန်းမဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် အားကစားခန်းမတည်ဆောက်သည့် Mettle Zone Co.,Ltd မှ တာဝန်ရှိသူများက အားကစားခန်းမဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူပြီး Fitness Dance ၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ရိုးရာခြင်းလုံးအားကစားအဖွဲ့များက သရုပ်ပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅ သိန်း ချီးမြှင့်ပေးအပ်ကြသည်။

ယမန်နေ့မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မသန်စွမ်းအားကစားအဖွဲ့ချုပ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၉ နည်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ရေကူး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ အလေးမ၊ ဂိုးလ်ဘော၊ ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ သေနတ်ပစ်၊ ဘိုစီယာနှင့် ဘိုးလင်း စသည့်အားကစားနည်း ၁၁ နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အုပ်ချုပ်နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲဝင်ဝတ်စုံ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးပြီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များက အားကစားအောင်နိုင်ရေး၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အားကစားနည်းများအလိုက် ယခင်ပြိုင်ပွဲများ၏ စံချိန်၊ စံညွှန်းများ၊ စံနှုန်းများထက် ပိုမိုသာလွန်ကောင်းမွန်နေမှုအခြေအနေ၊ စားသောက်၊ နေထိုင်၊ သွားလာရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။        

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 31, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Dec 30, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Dec 29, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 28, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Posted on Dec 27, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Posted on Dec 26, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Posted on Dec 31, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Posted on Dec 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Posted on Dec 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

HOT NEWS
January 4,