(၂၃) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲကျင်းပ
(၂၃) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲကျင်းပ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / March 27, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာ သုတေသန စာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ယမန်နေ့ နံနက်ပိုင်း၌ Hybrid စနစ်ဖြင့် ကျင်းပရာ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် - နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း “မျက်မှောက်ခေတ်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကို ဖန်တီးနေနိုင်မည်ဆိုသည်ကို သတိပြုမိ ကြရန်နှင့် ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ်တယ်စီးပွားရေးဘဝများကို ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ သက်ဆိုင်ရာမဟာဗျူဟာ မဏ္ဍိုင်များအလိုက် လုပ်ငန်းစဉ်များကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်သွားရန်၊ စာတမ်းဖတ်ပွဲ နောက်ဆက်တွဲအနေဖြင့် သုတေသနရလဒ်များကို Agro-based Industries များ၊ MSME များဖွံ့ဖြိုးရေးအတွက် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်လျက်ရှိသည့် AI အပါအဝင် ထွန်းသစ်စ နည်းပညာအရွေ့နှုန်းတို့နှင့်အမီ လိုက်ပါနိုင်ရေးအတွက် သုတေသန ကွန်ရက်များ ဖွဲ့စည်းချိတ်ဆက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်က နှုတ်ခွန်းဆက်စကားပြောကြားကာ သယံဇာတရေးရာ ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကိုးရီးယားနိုင်ငံ နမ်ဆိုးလ်တက္ကသိုလ်မှ ပါမောက္ခ Dr. Jae Young Ahn၊ ဂျပန်နိုင်ငံ Aichi Sangyo University မှ ပါမောက္ခ Dr. Yutaka Ishibashi နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Taiyuan University of Science and Technology မှ ပါမောက္ခ Dr. Tammam Tillo တို့က သက်ဆိုင်ရာခေါင်းစဉ်များအလိုက် Keynote Speech များပြောကြားခဲ့ကြသည်။
အဆိုပါ စာတမ်းဖတ်ပွဲအတွက် တင်သွင်းသည့်စာတမ်း ၁၃၀ စောင်တို့၏ အရည်အသွေးကို နိုင်ငံတကာ ပါမောက္ခများက စိစစ်အကဲဖြတ်ရွေးချယ်ခဲ့ကြပြီး Presentation စာတမ်း ၄၇ စောင်၊ ပိုစတာစာတမ်း ၅ စောင်တို့ကိုသာ ဆောင်ရွက်ခွင့်ရရှိပါသည်။ မြန်မာ၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိုမန်၊ ဘင်္ဂလားဒေ့ရှ်၊ တူလီယဲ၊ ဂျော်ဒန် စသည့် နိုင်ငံများမှ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ စာတမ်းရှင်များက AI၊ ကွန်ပျူတာဖြင့် ဘာသာစကားနှင့် အသံတို့ကို အလိုအလျောက်ဆောင်ရွက်မှု၊ အင်တာနက်ကွန်ရက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ကမ္ဘာမြေပြင်သတင်းအချက်အလက်စနစ်နှင့် ပုံရိပ်လေ့လာခြင်းဆိုင်ရာ စာတမ်းများကို Parallel Sessions ၁၁ ခုတို့တွင် ရှင်းလင်းဖတ်ကြားကြသည်။ စာတမ်းများ၏ Conference Proceedings စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာသုတေသနရပ်ဝန်းတွင် အဆင့်အတန်းမြင့်မားလှသော IEEE Digital Library Website တွင် လွှင့်တင်မည်ဖြစ်ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ Polytechnic University များ၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ IEEE Myanmar Subsection မှ တာဝန်ရှိသူများ၊ ပြင်ပကွန်ပျူတာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ကွန်ပျူတာ ပညာရှင်များ၊ စာတမ်းရှင်များ၂၀၀ ဦးခန့် တက်ရောက်ကြောင်း သိရသည်။
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Mar 26, 2026၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။
