(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် ကနူးလှေလှော် အားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ်ငါးခု ထပ်မံဆွတ်ခူးရရှိ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် ကနူးလှေလှော် အားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ်ငါးခု ထပ်မံဆွတ်ခူးရရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 13, 2025
image_latest


ဘန်ကောက် ဒီဇင်ဘာ ၁၂

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်မြို့များတွင်ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ဘော်လီဘော၊ သေနတ်ပစ်၊ ဘိလိယက်နှင့် စနူကာ၊ ဂျူဒို၊ ရေကူး၊ ခရစ်ကတ်၊ ဂျူဂျစ်ဆု၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ ပီတန်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ကဘာဒီ၊ စကိတ်၊ ဂေါက်သီးရိုက်၊ ကနူး ကယက်၊ ရွက်လှေ၊ တက်ဂ်ဘော၊ ဟော်ကီပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Suphachalasai Stadium National Stadium ၌ကျင်းပသည့် ပြေးခုန်ပစ်ကြိုးတပ်သံလုံးပစ် ပြိုင်ပွဲတွင် သွယ်သွယ်မိုး ယှဉ်ပြိုင်နေမှုနှင့် ဘန်ကောက်မြို့ရှိ Indoor Stadium Huamark, Sports Authority of Thailand, Bang-kok ၌ ကျင်းပလျက်ရှိသည့် ဘော်လီဘော အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Notha-buri ၌ကျင်းပသည့် ဘိလိယက်နှင့်စနူကာအားကစားနည်း ဘိလိယက်အမျိုးသား တစ်ဦးချင်းပြိုင်ပွဲဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဦးပေါက်စနှင့် စင်ကာပူအသင်းမှ ပီတာဂေးလ်ခရစ်တို့ ယှဉ်ပြိုင် ကစားခဲ့ရာ စင်ကာပူအသင်းမှပီတာ ဂေးလ်ခရစ်က ဦးပေါက်စကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းမှ ဦးပေါက်စသည် ငွေတံဆိပ်ဆု ရရှိခဲ့သည်။

ယမန်နေ့ ညနေပိုင်းကစနူကာ 6 Red Singles အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းမှ နေမင်းထွန်းက မလေးရှားအသင်းမှ Thor Chaung Leong ကို ၅ ပွဲ ၂ ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ကြေးတံဆိပ်ဆုရရှိခဲ့ သည်။

ငွေတံဆိပ်ဆု ရရှိခဲ့သည့် ဦးပေါက်စနှင့် ယမန်နေ့ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် နေမင်းထွန်းတို့အား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူ ပြုကော်မတီဝင်များနှင့် ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့အတူ ဘန်ကောက်မြို့ရှိ Rajamangla Auditorium Raja-mangla University of Techno-logy Thanyaburi ၌ကျင်းပလျက်ရှိသည့် ဂျူဒိုပြိုင်ပွဲ အမျိုးသား ၅၅ ကီလိုအောက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ထိုက်ထိုက်ကျော်က တတိယလုပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီး မြန်မာ အားကစားအဖွဲ့အနေဖြင့် ဒီဇင်ဘာ ၁၂ ရက် ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် ကရာတေး အမျိုးသမီး -၅၀ ကီလိုအောက် တစ်ဦးချင်းကုမိတဲ့ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဖလောရင့် နေခြည်ထွန်းက ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ကနူးမီတာ ၂၀၀ အမျိုးသား ၄ ယောက်လှော် ပြိုင်ပွဲတွင် မြန်မာအသင်းမှ မျိုးလှိုင်ဝင်း၊ သန့်ဇင်ဦး၊ ကျော်ဇေယျာ၊ ထွဋ်ခေါင်ဇော်၊ သက်ပိုင်ဖြိုးနှင့် အောင်ဖြိုးဟိန်းတို့အတွဲက ဒုတိယ ငွေတံဆိပ်ဆု ရရှိခဲ့သည့်အတွက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဂုဏ်ပြု ဆုတံဆိပ်နှင့် လှေလှော်အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဂျူဒိုအားကစားနည်း အမျိုးသား ၅၅ ကီလိုအောက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ထိုက်ထိုက်ကျော်နှင့် ဖိလစ်ပိုင်မှ အားကစားသမားက ပူးတွဲတတိယကြေး တံဆိပ်ဆုများ ရရှိခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၁ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေ တံဆိပ် နှစ်ခု၊ ငွေတံဆိပ် ကိုးခု၊ ကြေးတံဆိပ် ငါးခု စုစုပေါင်း ဆုတံဆိပ် ၁၆ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း