(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ဆု၊ ကြေးတံဆိပ်သုံးဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ ရွက်လှေအားကစားအဖွဲ့နှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားအဖွဲ့များ ပြန်လည်ရောက်ရှိ
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ဆု၊ ကြေးတံဆိပ်သုံးဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ ရွက်လှေအားကစားအဖွဲ့နှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားအဖွဲ့များ ပြန်လည်ရောက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 20, 2025
ရန်ကုန် ဒီဇင်ဘာ ၁၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား(၄)ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသော ဇင်မင်းဦး၊ အောင်မျိုးကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်၊ ရန်ပိုင်ဦးတို့အတွဲ၊ အမျိုးသမီး(၄) ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ဖြူဖြူသန်း၊ ဖူးဖူး၊ နေခြည်နွေး၊ ယမုံဇင်၊ ခင်နှင်းဝေ၊ ချယ်ရီလင်းသစ်တို့ အတွဲ၊ အမျိုးသား၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ရှိန်းဝဏ္ဏဇော်၊ ဇင်မင်းဦး၊ ဇော်မင်းခန့်၊ ဖြူဖြူသန်း၊ ဖူးဖူး၊ နှင်းနှင်းဝေတို့အတွဲ၊ ရွက်လှေအားကစားနည်းမှ အမျိုးသားBoy's ILCA4 ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ခွန်ထွန်းဦးတို့နှင့်အတူ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI)ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Dec 17, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Posted on Dec 20, 2025၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Posted on Dec 20, 2025၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်
Posted on Dec 20, 2025စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်
