(၄၉) ကြိမ်မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ “မွေးမြူရေးရေထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေး
(၄၉) ကြိမ်မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ “မွေးမြူရေးရေထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 20, 2025
နေပြည်တော် နိုဝင်ဘာ ၁၉
(၄၉) ကြိမ်မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၄၀ ကျော်မှ ဈေးကွက်များသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့ရောင်းချလျက်ရှိသော်လည်း ထုတ်လုပ်မှုစွမ်းရည်၊ ဈေးကွက်ရရှိမှုနှင့် ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင်နိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မီနည်းစနစ်များ၊ အရည်အသွေးမြင့် မျိုးကောင်းမျိုးသန့်များ၊ ကျွမ်းကျင်မှုနှင့် ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်နိုင်ရေးအပြင် ထုတ်ကုန်အရည်အသွေးနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများ လိုက်နာအကောင်အထည်ဖော်ရေး၊ ရရှိထားသော ဈေးကွက်များကို တည်တံ့အောင်ထိန်းသိမ်းပြီး ဈေးကွက်အသစ်များ ရှာဖွေရေးနှင့် ကုန်ကြမ်းတင်ပို့မှုမှ တန်ဖိုးမြှင့်ကုန်ချောထုတ်ကုန်များ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြော ကြားသည်။
ထို့နောက် ဦးစီးဌာနများမှ ပညာရှင်များက “မွေးမြူရေး ရေထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသူများက သုံးသပ်အကြံပြုဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် (၄၉) ကြိမ်မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရှင်များနှင့် သုတေသီများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Posted on Nov 20, 2025Myanmar National Human Rights Commission Statement No (14/ 2025)
Posted on Nov 20, 2025
