(၅၄) ကြိမ်မြောက် Knowledge Sharing Program အခမ်းအနားကျင်းပခြင်း
(၅၄) ကြိမ်မြောက် Knowledge Sharing Program အခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 31, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program- KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၅၄) ကို အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် စစ်ဆေးရေးဆိုင်ရာများ၊ ဝန်ထမ်းပိုင်းဆိုင်ရာများ၊ ဥပဒေအသိပညာ ပြန့်ပွားရေးနှင့်စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်ဆိုင်ရာများ၊ ဌာနများ၏ လုပ်ငန်းပိုင်းဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ နိုင်ငံတကာအတွေ့အကြုံများစသည့် ကဏ္ဍပေါင်းစုံကို ဤရုံးဝန်ထမ်းများ၊ အခြားဌာနမှဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ ပြင်ပပညာရှင်များမှ ဆွေးနွေးပေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ခေတ်နည်းပညာနယ်ပယ် တော်တော်များများမှာ Artificial Intelligence (AI) ကို အသုံးပြုလျက်ရှိပြီး လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက် အသုံးပြုနိုင်စေရန်၊ AI နည်းပညာများဖြင့် အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ရန်၊ ပြင်ဆင်လေ့လာ သင့်သည်များကိုသိရှိစေရန်၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်တိုးမြင့်စေရန်၊ AI နည်းပညာနယ်ပယ်တွင် လက်ရှိဖြစ်ပေါ်တိုးတက်နေသော ခေတ်ရေစီးကြောင်းများ၊ Tool အသစ်များနှင့် နည်းဗျူဟာများ ကို မိတ်ဆက်ပေးရန် “Artificial Intelligence for Practitioner” ခေါင်းစဉ်ဖြင့် i.Connect Education Group မှ CEO ဦးသိုက်ထွန်းအောင်က ဆွေးနွေးပြော ကြားသွားမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ရရှိသည့်အသိပညာ၊ ဗဟုသုတများ၊ AI အသုံးပြုနည်းများကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်သူများဖြစ်အောင် ကြိုးစားကြ စေလိုကြောင်း၊ ကိုယ်တိုင်နှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း နိုင်ငံတော်၏အကျိုးစီးပွားများကို ကာကွယ်စောင့် ရှောက်နိုင်သော ဝန်ထမ်းကောင်း၊ ပြည်သူကောင်းများဖြစ်အောင် ဦးဆောင်လမ်းပြပေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း AI အသိပညာဗဟုသုတများ ကို ချိတ်ဆက်အသုံးပြုကြပါလို့ တိုက်တွန်း မှာကြားလိုပါကြောင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် i-Connect Education Group မှ CEO ဦးသိုက်ထွန်းအောင် က “Artificial Intelligence for Practitioner”ခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊နဝရတ်ခန်းမ၌လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း (၂၃၇ ) ဦး တက်ရောက်ခဲ့ကြသည်။
ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
Posted on Jul 31, 2025ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 31, 2025စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 31, 2025တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း