ဆွီဒင်နိုင်ငံရှိ သဗ္ဗဇယမင်္ဂလာ စေတီတော်မြတ်ကြီး၏ အထက်ဋ္ဌာပနာပိတ် ပွဲတော်နှင့် ထီးတော်တင်လှူပွဲ ကျင်းပခြင်း
ဆွီဒင်နိုင်ငံရှိ သဗ္ဗဇယမင်္ဂလာ စေတီတော်မြတ်ကြီး၏ အထက်ဋ္ဌာပနာပိတ် ပွဲတော်နှင့် ထီးတော်တင်လှူပွဲ ကျင်းပခြင်း
နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / July 30, 2019

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ ဆွီဒင်နိုင်ငံ)
ဆွီဒင်သာသနာပြုဆရာတော်များ ဖြစ်ကြသော အရှင်သောဘန၊ အရှင် သုနန္ဒာလင်္ကာရနှင့် နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဆွီဒင်နိုင်ငံတို့မှ ဆရာတော် သံဃာ (၁၉) ပါး တို့အား အမှူးပြု၍ ဆွီဒင်နိုင်ငံရှိ တိရတနာဘုန်းကြီးကျောင်းအတွင်း တည်ထား ကိုးကွယ်အပ်သော သဗ္ဗဇယမင်္ဂလာ စေတီတော်မြတ်ကြီး၏ အထက်ဋ္ဌာပနာပိတ်ပွဲတော်အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆွီဒင်နိုင်ငံ၊ Hjortkvarn ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆွီဒင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း ပါဝင်တက်ရောက်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နံနက် (ဝ၉၀ဝ)နာရီမှစ၍ ထီးတော်လှည့်လည်အပူဇော်ခံခြင်း၊ ထီးတော်တင်ခြင်း၊ စေတီတော်အား ဘုရားအနေကဇာတင်ခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ရေစက်ချ တရားနာယူခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အလှူရှင်များအားလုံးကိုယ်စား မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. Sudantha Ganegama နှင့် ဘုရားဒါယိကာ၊ ဆွီဒင် ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဟောင်း ဒေါက်တာ မြင့်ဟန်တို့မှ ကျေးဇူးတင်ရှိကြောင်းစကားများ အသီးသီး ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၅၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
ယင်းအခမ်းအနားတွင် သာသနာပြု ဆရာတော် သံဃာတော် (၁၉)ပါး၊ Stockholm Buddhist Vihara မှ သီရိလင်္ကာ ဆရာတော် Bhante K. Siri Dhammaratana Maha Thera၊ ဆွီဒင်ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဒေါ်ပွင့်မာဟန် အပါအဝင် မြန်မာနိုင်ငံနှင့် ဥရောပနိုင်ငံများမှ ဘုရားဒါယိကာ၊ ဒါယိကာမပေါင်း (၃၀ဝ)ဦးခန့် ပါဝင် တက်ရောက်ခဲ့ပါသည်။
ဆွီဒင်နိုင်ငံ၌ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ရန် ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှ စတင်၍ မြေနေရာ ရှာဖွေခဲ့ရာ စတော့ဟုမ်းမြို့မှ ၂၉၉ ကီလိုမီတာ အကွာရှိ Hjortkvarn မြို့၌ တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်းအား ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ ယင်းနောက် အဆိုပါ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်သောဘနနှင့် အလှူရှင် ဘုရားဒါယကာ၊ ဆွီဒင်နိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဟောင်း ဒေါက်တာမြင့်ဟန် တို့၏ ဦးဆောင်မှုဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှစတင်၍ ဆွီဒင်နိုင်ငံ၏ ပထမဆုံး သဗ္ဗဇယမင်္ဂလာစေတီတော်အား စတင်တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဌာပနာတော်များ ပိတ်သွင်းပြီး၊ ၂၇ ရက်နေ့တွင် ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်များ တင်ဆင်လှူဒါန်း၍ အောင်မြင်စွာ တည်ထားကိုးကွယ်မှုပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
