ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၁၆)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၁၆)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / July 30, 2019

ဘားအံ ဇူလိုင် ၃၀
၀ါတွင်းကာလ ကျောင်းတိုက်အသီးသီး၌ သီးတင်းသုံးတော်မူကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ဂန္ထဓူရ၊ ဝိပဿနာဓူရ ဟူသည့် ဓူရနှစ်ဖြာ မြတ်တာဝန်ကို ကျင့်ကြံအားထုတ်နိုင်စေရန် ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ (၁၆)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇူလိုင်လ ၃၀ ရက်နေ့၊ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မိုးကယ်ကျောင်းတိုက်ဆရာတော် ဘန္တဒ္ဒတေဇိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးမင်းတင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယနေ့ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ရဟန်း(၇၅၂)ပါး၊ သာမဏေ (၁၁၄၉)ပါး၊ သီလရှင် (၅၄၂)ပါး စုစုပေါင်း(၂၄၄၃)ပါးတို့ကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး နေရာအခက်အခဲကြောင့် သံဃာတော်အားလုံးကို ပင့်ဆောင်ခြင်းမပြုတော့ဘဲ ကျောင်းတိုက်အသီးသီး၏ ကိုယ်စားပြုသံဃာတော် (၁၆၄)ပါး၊ သီလရှင်(၁၈)ပါးတို့ကိုသာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ကျန်ရှိသောသံဃာတော်များကို သက်ဆိုင်ရာဌာနများမှ ဆရာ/ဒကာ ကျောင်းတိုက် အသီးသီးသို့ ပို့ဆောင်ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အမှူးပြုသော ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များက ဆရာတော်သံဃာတော် ၁၆၄ ပါးနှင့် သီလရှင် ၁၈ ပါး တို့အား သင်္ကန်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္တုအစုစုတို့ကို လောင်းလှူခဲ့ကြကြောင်းနှင့် ယနေ့အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းငွေ ၂၅၂၂၄၉၂၀ိ/-(နှစ်ရာငါးဆယ်နှစ်သိန်းနှစ်သောင်းလေးထောင်ကိုးရာနှစ်ဆယ်ကျပ်) တန်ဖိုးရှိ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်း များ၊ ငွေကျပ် ၉၉၅၃၀၀၀ိ/-(ကိုးဆယ်ကိုးသိန်းငါးသောင်းသုံးထောင်ကျပ်)တန်းဖိုးရှိ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။









မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
